Connect with us

Hi, what are you looking for?

News

စေတုတ္တရာနယ်၌ ပထမဆုံးဖြစ်သည့် ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

လက်ရှိ အခြေအနေမှာ အင်အား နှင့်လက်နက်ခဲယမ်း အထိုက်အလျောက် စုဆောင်းထားပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်သူလူထုက စစ်ကောင်စီတပ်ကို ရသည့်နည်းဖြင့် တွန်းလှန်ရန် ပြင်ဆင်နေသည်မှာ အားလုံးအသိဖြစ်ကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် သက္ကယ်ကျင်း ကျေးရွာအနီး၌ ယမန်နေ့က ဖြစ်ခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး အထိနာခဲ့ကြောင်း ဒေသခံက ပြော သည်။

ပေါက်၊ မြိုင်၊ ဂန့်ဂေါ၊ ဆော၊ ရေစကြို စသည့် မကွေးတိုင်း မြောက်ခြမ်းဒေသများ၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်တိုက်ရင်ဆိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသော်လည်း ယမန်နေ့က စေတုတ္တရာမြို့နယ် တိုက်ပွဲတွင် မကွေးတိုင်းအလယ်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ပထမဆုံး ရင်ဆိုင်တိုက်ပွဲဖြစ်သည်။

“စေတုတ္တရာရဲ့ တောင်ဘက် သက္ကယ်ကျင်းရွာအနောက်ဘက်နားမှာ အဲဒီဘက်မှာ ကျောင်းသား တပ်တော်တို့ PRA တို့က အဲဒီမှာ စခန်းချပြီး နေကြတာ။ အဲဒီလို နေတဲ့နေရာမှာနယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်လို့ ခုခံစစ်ဖြစ်တယ်။ စစ်ကောင်စီက ထိုးစစ်ကို နိုင်အောင်မတိုက်နိုင်ဘူး။ သူတို့ဘက်က ၉ယောက်လောက်ကျပြီးတော့ ၁၂ယောက်လောက် ဒဏ်ရာရပြီး သက္ကယ်ကျင်းရွာမှာ ပြန်ပြီးသူတို့ စခန်းပြန်ချသွားတယ်” ဟု ဒေသခံက ပြောသည်။

လူထုတော်လှန်နေရးမဟာမိတ်(PRA) ၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်တပ်မှ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာသဖြင့် ဇန်နဝါရီ ၂၄ရက် နေ့လည် ၁၂နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦးသေ၊ ၁၂ဦးဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်သည် ညနေ ၄နာရီခွဲတွင် သက္ကယ်ကျင်းရွဩို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“စခန်းပြန်ချပြီး အခုအချိန်ထိ ဘာသတင်းမှ ထပ်မကြားရသေးဘူး။ သူတို့ ပြန်အင်အားတိုးချဲ့ပြီး ပြန်တိုက်မယ့်သဘောရှိတယ်လို့ ယူဆရတယ်” ဟု ဒေသခံက ပြောသည်။

ယခင်က စစ်ကောင်စီတပ်ကို မိုင်းထောင်မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းများရှိသော်လည်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမှာပထမဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အခုလည်း ဒီဘက်က အဆင်သင့်ဖြစ်ပြီလားဆို အဆင်သင့်တော့ မဖြစ်သေးဘူးပေါ့။ စစ်ကောင်စီကို ပြန်တိုက်ဖို့။ သို့သော်လည်း စစ်ကောင်စီက ဒီလိုနေရာတွေမှာလာပြီး ကျောင်းသားတပ်တို့ PRA တို့ ရှိတာကို ကြားလို့ စစ်ကြောင်းထိုးတော့ ရှိတဲ့ လက်နက်အင်အားနဲ့ လူအင်အားနဲ့ ပြန်ပြီးတော့ ချတာပါပဲ” ဟု ဒေသခံက ပြောသည်။

လက်ရှိ အခြေအနေမှာ အင်အား နှင့်လက်နက်ခဲယမ်း အထိုက်အလျောက် စုဆောင်းထားပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်သူလူထုက စစ်ကောင်စီတပ်ကို ရသည့်နည်းဖြင့် တွန်းလှန်ရန် ပြင်ဆင်နေသည်မှာ အားလုံးအသိဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့ရဲ့လုပ်ရပ်တွေကို မခံမရပ်နိုင်ဖြစ်ပြီး ကျောင်းသားလူငယ်တွေ ပြည်သူလူထုတွေ ဝန်ထမ်းတွေ ရော တောထဲမှာ သွားပြီး ကိုယ့်အိမ်မှာ ဇိမ်နဲ့နေနိုင်ပေမယ့် မနေဘဲနဲ့ ဒီစနစ်ဆိုးအောက်က ဖက်ဆစ်တပ် အောက်ကနေ လွတ်မြောက်အောင် ရရာနည်း ရရာလက်နက်နဲ့ စွဲကိုင်ပြီးတော်လှန်မှာပဲ။ နေရာတိုင်းမှာ နိုင်ငံအနှံ့တော်လှန်မှာပဲ။တစ်နေ့မဟုတ် တစ်နေ့ တော်လှန်မှာပဲ။ တချို့မတော်လှန်တဲ့နေရာ မတိုက်ခိုက် ဘူးဆိုတဲ့နေရာတွေက နည်းပညာတို့ လက်နက်ခဲယမ်းမီးကျောက် စုဆောင်းနေတဲ့ ကာလဖြစ်လို့ မတိုက် ခိုက်သေးတာ။ သူတို့ မတိုက်ခိုက်သေးတဲ့နေရာတွေကလည်း ပြန်ပြီးတိုက်ခိုက် မှာပါပဲ။ တစ်နိုင်ငံလုံး ပြိုင်တူတွန်းလှန်မယ်ဆိုရင် ဒီတိုက်ပွဲတွေအောင်မြင်မှာ မကြာပါဘူး” ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook