Connect with us

Hi, what are you looking for?

News

CDF (မတူပီ)နှင့် CNAပူး​ပေါင်း၍ ခမရ(၃၀၄)တပ်ရင်းထပ်မံတိုက်ခိုက်ခံစစ်ကောင်စီတပ်မှ ၈ဦးသေဟုထုတ်ပြန်

CDF( မတူပီ)နှင့် အကြမ်းဖက်စစ်ကောင်စီတို့သည် ၂၀၂၁ ဧပြီ ၂၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိတိုက်ပွဲကြီးပေါင်း ၇ ပွဲဖြစ်ပွားခဲ့သည်ဟု Chinland Joint Defense Committee က ထုတ်ပြန်ထားသည်။

(CDF(မတူပီ)တပ်ဖွဲ့ဝင်များ ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF)

မတူပီ-ပလက်ဝ လမ်းပေါ်ရှိ စစ်ကောင်စီ၏ ခမရ(၃၀၄) တပ်ရင်း စခန်းကို ယနေ့ ညနေပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို မတူပီ CDF နှင့် ချင်းအမျိုးသားတပ်မတော်(CNA) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တုန့်ပြန် ပစ်ခတ်ရာ တိုက်ပွဲပြင်းထန်ခဲ့သော်လည်း ချင်းပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိ​ကြောင်းလည်း​ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ရက်ကလည်း အဆိုပါ ခမရ (၃၀၄) တပ်ရင်းကို မတူပီ CDFက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

မတူပီ CDF အနေဖြင့် မတူပီ -ပလက်၀လမ်းရှိ စစ်ကောင်စီတပ်၏ ထယ်ဘွေး စခန်းကိုလည်း ဇန်နဝါရီ လဆန်းမှစ၍ မကြာခဏ တိုက်ခိုက်နေရာစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ (၂၄) ရက်နေ့ကလည်း မတူပီ-မင်းတပ်လမ်းမ ချန်ပြန်းရွာဟောင်းအနီးတွင် မတူပီမှ စစ်ကြောင်းထွက်လာသော စစ်ကောင်စီ များအား မတူပီ CDF မှ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ထိုတိုက်ပွဲတွင်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ဟုဆိုသည်။

CDF( မတူပီ)နှင့် အကြမ်းဖက်စစ်ကောင်စီတို့သည် ၂၀၂၁ ဧပြီ ၂၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိတိုက်ပွဲကြီးပေါင်း ၇ ပွဲဖြစ်ပွားခဲ့သည်ဟု Chinland Joint Defense Committee က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။