Connect with us

Hi, what are you looking for?

News

ကိုးကန့်၊ တအာင်း၊ ရခိုင်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် မိုင်းယော်ဒေသ၌ တိုက်ပွဲပြင်းထန်

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား ရှမ်းမြောက် မုံးကိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုး ဒေသများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ယနေ့တွင် MNDAA၊ တအာင်းအဖွဲ့(TNLA)နှင့် ရခိုင်အဖွဲ့(AA) ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လာခြင်းဖြစ်သည်။

လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား ရှမ်းမြောက် မုံးကိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုး ဒေသများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ယနေ့တွင် MNDAA၊ တအာင်းအဖွဲ့(TNLA)နှင့် ရခိုင်အဖွဲ့(AA) ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လာခြင်းဖြစ်သည်။

“တိုက်ပွဲက ဖြစ်တာတော့ဖြစ်နေတယ်။ ပြေးနေရတဲ့သူက ဖုန်းဆက်လာတယ်။ လေယာဉ်က ဒီညနေမှာ ပျံသွားတယ်ပြောတယ်။ စစဖြစ်တာက AAနဲ့ ဖြစ်တယ်လို့ပြောတယ်။ အရင်က AAနဲ့ ဖြစ်ခဲ့တဲ့နေရာပေါ့။ မိုင်းယော်ဘက်မှာ စစ်ကောင်စီက ထိုးတက်လာတော့ ဖြစ်တာ။ ဖြစ်တော့ ကိုးကန့်အဖွဲ့ကလည်း လာကူတယ်၊ TNLA အဖွဲ့ကလည်း လာတော့ သုံးဖွဲ့ပေါင်းပြီးဖြစ်တာပေါ့” ဟု ရှမ်းမြောက်ဒေသခံက ပြောသည်။

Public Service Announcement

အသေးစိတ်အခြေအနေကို မသိရသော်လည်း ယနေ့ တစ်နေ့လုံး တိုက်ပွဲပြင်းထန်နေသည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာတွင်လည်း ဇန်နဝါရီ ၂၈ရက် နေ့လည်ပိုင်းမှစ၍ MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။ ယမန်နေ့ ဇန်နဝါရီ ၂၇ရက်ကလည်း ပန်ဆေးနှင့် ကုန်းဆာရွာကြားတွှင်လည်း MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။