Connect with us

Hi, what are you looking for?

News

ကိုးကန့်၊ တအာင်း၊ ရခိုင်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် မိုင်းယော်ဒေသ၌ တိုက်ပွဲပြင်းထန်

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား ရှမ်းမြောက် မုံးကိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုး ဒေသများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ယနေ့တွင် MNDAA၊ တအာင်းအဖွဲ့(TNLA)နှင့် ရခိုင်အဖွဲ့(AA) ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လာခြင်းဖြစ်သည်။

လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား ရှမ်းမြောက် မုံးကိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုး ဒေသများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ယနေ့တွင် MNDAA၊ တအာင်းအဖွဲ့(TNLA)နှင့် ရခိုင်အဖွဲ့(AA) ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လာခြင်းဖြစ်သည်။

“တိုက်ပွဲက ဖြစ်တာတော့ဖြစ်နေတယ်။ ပြေးနေရတဲ့သူက ဖုန်းဆက်လာတယ်။ လေယာဉ်က ဒီညနေမှာ ပျံသွားတယ်ပြောတယ်။ စစဖြစ်တာက AAနဲ့ ဖြစ်တယ်လို့ပြောတယ်။ အရင်က AAနဲ့ ဖြစ်ခဲ့တဲ့နေရာပေါ့။ မိုင်းယော်ဘက်မှာ စစ်ကောင်စီက ထိုးတက်လာတော့ ဖြစ်တာ။ ဖြစ်တော့ ကိုးကန့်အဖွဲ့ကလည်း လာကူတယ်၊ TNLA အဖွဲ့ကလည်း လာတော့ သုံးဖွဲ့ပေါင်းပြီးဖြစ်တာပေါ့” ဟု ရှမ်းမြောက်ဒေသခံက ပြောသည်။

Public Service Announcement

အသေးစိတ်အခြေအနေကို မသိရသော်လည်း ယနေ့ တစ်နေ့လုံး တိုက်ပွဲပြင်းထန်နေသည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာတွင်လည်း ဇန်နဝါရီ ၂၈ရက် နေ့လည်ပိုင်းမှစ၍ MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။ ယမန်နေ့ ဇန်နဝါရီ ၂၇ရက်ကလည်း ပန်ဆေးနှင့် ကုန်းဆာရွာကြားတွှင်လည်း MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့်လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စင်းခန်းနဲ့ ဇင်းဘုံမှာ တိုက်ပွဲပြင်းထန်၊ အလံဖြူထောင်တဲ့ သင်္ဘောပေါ်က စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေသိမ်းရ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။