Connect with us

Hi, what are you looking for?

News

ကနီမြို့နယ် ကင်းရွာအနီးတိုက်ပွဲ စစ်​ကောင်စီတပ် ၃၀ ​ကျော်​သေ

တိုက်ပွဲများတွင် အကြမ်းဖက်စစ်​ကောင်စီတပ်၏ ဖလက်ခွန် နှစ်စီး ပျက်စီးခဲ့ပြီး ယနေ့(ဇန်နဝါရီ ၃၁ ရက်)တိုက်ပွဲတွင် စစ်ကောင်စီတပ်သား၃၀ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ယ​နေ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ သေဆုံးသူ ၃၀ ကျော်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကနီ)က ထုတ်
ပြန်သည်။

ကနီမြို့နယ်၊ ကင်းရွာနှင့် ထိုရွာအနီးတွင် တပ်ချထားသော အကြမ်းဖက်စစ်​ကောင်စီတပ်၏ ရေယာဥ်အုပ်စုမှ စစ်​ကောင်စီတပ်သားများကို Kani PDF နှင့် ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ပ.က.ဖ) များက ယ​နေ့တိုက်ခိုက်ရာ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများတွင် အကြမ်းဖက်စစ်​ကောင်စီတပ်၏ ဖလက်ခွန် နှစ်စီး ပျက်စီးခဲ့ပြီး ယနေ့(ဇန်နဝါရီ ၃၁ ရက်)တိုက်ပွဲတွင် စစ်ကောင်စီတပ်သား၃၀ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

“ပျူစောထီးအင်အား၂၀၀ ကျော်(ခြေလျှင်)။ စစ်ခွေး၁၀၀ ခန့်ရေကြောင်းမှ ထိုးစစ်ဆင်နေသည့်ကြားမှ နယ်ခံ အဖွဲ့အစည်းနှင့်ပူးပေါင်းကာ၈ ရက်ကြာ စောင့်ဆိုင်းခဲ့သောစစ်ဆင်ရေအား အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့။အထိနာသွားတဲ့ စစ်ခွေးတွေဟာဘင်ရွာ နဲ့ အုန်းနှဲဘုတ်ရွာမှအပြစ်မဲ့ ပြည်သူ့နေအိမ်များအား မီးရှို့ ဖျက်ဆီးနေပါတယ်”ဟု ကနီမြို့နယ် ဒေသခံပြည်သူ့တပ်ဖွဲ့ဖြစ်သည် ဗိုလ်နုတ်ခမ်းမွှေးက ပြောသည်။

Public Service Announcement

Public Service Announcement

အထိနာနေသော အကြမ်းဖက်စစ်တပ်၏ရေယာဥ်အုပ်စုသည် မင်းကင်းမြို့နယ် ဘင်ကျွန်းရွာအနီးတဝိုက်တွင် ယ​နေ့ညတပ်ချထားပြီး ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့နေသည်ဟုလည်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ တပ်မ ၁၀၁ မှ ကနီမြို့နယ် ကင်းရွာမှ အရပ်သားပြည်သူ (၆)ဦးကို ဖမ်းဆီးခဲ့ရာ ယနေ့(ဇန်နဝါရီ ၃၁ ရက်)တွင် အသက် (၅၈)နှစ် အရွယ် အမျိုးသားတစ်ယောက်၏ရုပ်အ​လောင်းကိုတွေ့ရှိခဲ့သည်ဟုလည်း ကနီ PDF ကအသိပေးသည်။

အခြား ဖမ်းဆီးခံရသော အရပ်သားပြည်သူ အမျိုးသား ၄ ဦး နှင့် အမျိုးသမီးတစ်ဦး ကိုယခုထက်တိုင် မတွေ့ရှိရသေး​ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook