Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုများကို မမေ့လျော့ဟု အမေရိကန် သမ္မတပြော

“မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ မေ့လျော့ခြင်းမရှိပါဘူး။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ကြဉ်းနိုင်ဖို့မဆုတ်မနစ်ကြိုးစားအားထုတ် နေတဲ့ မြန်မာနိုင်ငံသားတွေကို ကျွန်တော်တို့ ဆက်လက်အားပေးထောက်ခံသွားမှာဖြစ်ပါတယ်”ဟု အမေရိကန်သမ္မတက ပြောသည်။

▪️လက်ရှိလျှောက်လှမ်းနေသော လမ်းကြောင်း နောက်ပြန်လှည့်ရန် စစ်အာဏာရှင်ကို တိုက်တွန်း

မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုများကို အမေရိကန်က မေ့လျော့ထားခြင်းမရှိဘဲ အားပေးထောက်ခံမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုတစ်နှစ်ပြည့်ချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က​ ယင်းသို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်ပြီး စစ်အာဏာရှင်သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျထုတ်ဖော်ပြောဆိုမှုများကို ဆက်လက် ပိတ်ပင်တားဆီးနေမည်ဆိုပါက စစ်တပ်နှင့် ၎င်းကိုထောက်ခံသူများကို ဒဏ်ခတ်အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးသည်။

“မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ မေ့လျော့ခြင်းမရှိပါဘူး။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ကြဉ်းနိုင်ဖို့မဆုတ်မနစ်ကြိုးစားအားထုတ် နေတဲ့ မြန်မာနိုင်ငံသားတွေကို ကျွန်တော်တို့ ဆက်လက်အားပေးထောက်ခံသွားမှာဖြစ်ပါတယ်”ဟု အမေရိကန်သမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုအပေါ်ကျူးလွန်သည့် လက်မခံနိုင်စရာလုပ်ရပ်များကို ရှုတ်ချပြီး အာဏာသိမ်းယူခြင်းနှင့် အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်းတို့အတွက် တာဝန်ရှိသူအားလုံးကို တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးအတွက် အာဆီယံဒေသတွင်းအပါအဝင် မိတ်ဖက်များ၊ မဟာမိတ်များအတူ အမေရိကန်က အနီးကပ်လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်အာဏာရှင်သည် လက်ရှိလျှောက်လှမ်းနေသောလမ်းကြောင်းကို နောက်ပြန်လှည့်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် အခြား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များ၊ သတင်းထောက်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံခြားသားများစသည့် တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရမည်ဟု သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်သည့် အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အတားအဆီးမရှိ အကူအညီပေးအပ်ခွင့်ပြုရမည်ဖြစ်ပြီး စစ်အာဏာရှင်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ထိရောက်စွာအပြန်အလှန်ဆွေးနွေးမှုကို အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း ဆက်လက်တိုက် တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။