Connect with us

Hi, what are you looking for?

News

PDF နှင့် KIA ပူးပေါင်းတပ် နောင်မွန်သို့လာပြီဖြစ်၍ စစ်ကောင်စီတပ်ဂိတ်သတိထားရန် အသိပေး

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများအား ဖမ်းဆီးခြင်း လုံး၀ မလုပ်ရန်လည်း ပူတာအို PDFက သတိ​ပေးသည်။ ယခုကဲ့သို့ စာထုတ်ပြန်သည့် နေ့ရက်မှစ၍ ၃ရက်အတွင်း သတိပေးစောင့်ကြည့်မည်ဟုလည်း ဖော်ပြထားသည်။

ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့တို့ နောင်မွန်မြို့နယ်သို့ တက်လာပြီဖြစ်၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းထိုင်သည့် မဂွေဇဂိတ် သတိထားရန် ပူတာအို PDFက ယနေ့ သတိ​ပေးထုတ်ပြန်သည်။

နောင်မွန်မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေး တာဝန်ရှိသူများ ပြည်သူလူထုများကို စိတ်အနှောက်အယှက်ဖြစ်သေည့် ကိစ္စရပ်များမလုပ်ရန် သတိပေးချက် ထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်၏ မဂွေဇဂိတ်ကိုပါ သတိပေးလိုက်ခြင်းဖြစ်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများအား ဖမ်းဆီးခြင်း လုံး၀ မလုပ်ရန်လည်း ပူတာအို PDFက သတိ​ပေးသည်။ ယခုကဲ့သို့ စာထုတ်ပြန်သည့် နေ့ရက်မှစ၍ ၃ရက်အတွင်း သတိပေးစောင့်ကြည့်မည်ဟုလည်း ဖော်ပြထားသည်။

ပူတာအို PDFနှင့် KIA တို့သည် ယမန်နေ့ကလည်း ပူတာအိုမြို့နယ် ဆွမ်ပီယာန် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား တစ်ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

Facebook