Connect with us

Hi, what are you looking for?

News

သန်လျင်မြို့တွင် အသံတိတ်သပိတ်အောင်မြင်မှုအပေါ် ဒေါသကြီးနေသည့် စစ်ကောင်စီတပ်က လူငယ်တစ်ဦး အကြောင်းမဲ့ပစ်သတ်

ဖေဖော်ဝါရီ ၁ ရက် ည၈နာရီကျော်တွင် သန်လျင်ဈေးနာရီစင်ဘက်မှ ဆိုင်ကယ်မောင်းနင်လာသည့် အမျိုးသားကို လမ်းသွား၊ လမ်းလာများအား စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၇ ချက်ခန့်ပစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း သန်လျင်မြို့တွင် ယမန်နေ့ညနေပိုင်းက အသံတိတ်သပိတ်အပြီး ဗဟိုကျောင်းအနီး၌ စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက အပြစ်မဲ့ပြည်သူလူငယ်တစ်ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း သန်လျင်မြို့ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် ည၈နာရီကျော်တွင် သန်လျင်ဈေးနာရီစင်ဘက်မှ ဆိုင်ကယ်မောင်းနင်လာသည့် အမျိုးသားကို လမ်းသွား၊ လမ်းလာများအား စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၇ ချက်ခန့်ပစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဗိုက်တစ်ချက်၊ နားထင်ကိုတစ်ချက်ထိမှန်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှပဲသေဆုံးခဲ့ပါတယ် “ဟု၎င်းက ဆက်ပြောသည်။

အဆိုပါနေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ဆေးမှုများပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီ ၁ ရက်စစ်ဆေးမှုတွင် ဆိုင်ကယ်စီးလာသူအချို့ကို အင်္ကျီများချွတ်၍ စစ်ဆေးသည်အထိ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ Silent Strike က သန်လျင်မှာ တော်တော်အောင်မြင်ခဲ့တာဗျ၊ အဲဒီလိုအောင်မြင်တော့ ညနေ့ပိုင်းကျတော့ ပြည်သူ့တွေပြန်ထွက်တော့ ခွေးတွေက မတရားအညိုးထားနေတာဗျာ။ အကြောင်းမဲ့သပ်သပ်ပစ်သတ်တာဗျာ “ဟု အထက်ပါမြို့ခံက ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသူသည် အသက်(၃၂)နှစ်အရွယ်ဖြစ်ပြီး ၎င်းနေထိုင်သည့် လမ်းထဲ၌ ပစ်သတ် ခံခဲ့ရ ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်သည့်နေရာ၌ ၎င်းတို့ပစ်ခဲ့သည့် ကျည်ခွံများကို ရှာဖွေခဲ့ကြောင်းနှင့် သေဆုံးသူကို သန်လျင်ဆေးရုံသို့သယ်ဆောင်သွားကြောင်း ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။