Connect with us

Hi, what are you looking for?

News

သန်လျင်မြို့တွင် အသံတိတ်သပိတ်အောင်မြင်မှုအပေါ် ဒေါသကြီးနေသည့် စစ်ကောင်စီတပ်က လူငယ်တစ်ဦး အကြောင်းမဲ့ပစ်သတ်

ဖေဖော်ဝါရီ ၁ ရက် ည၈နာရီကျော်တွင် သန်လျင်ဈေးနာရီစင်ဘက်မှ ဆိုင်ကယ်မောင်းနင်လာသည့် အမျိုးသားကို လမ်းသွား၊ လမ်းလာများအား စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၇ ချက်ခန့်ပစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း သန်လျင်မြို့တွင် ယမန်နေ့ညနေပိုင်းက အသံတိတ်သပိတ်အပြီး ဗဟိုကျောင်းအနီး၌ စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက အပြစ်မဲ့ပြည်သူလူငယ်တစ်ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း သန်လျင်မြို့ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် ည၈နာရီကျော်တွင် သန်လျင်ဈေးနာရီစင်ဘက်မှ ဆိုင်ကယ်မောင်းနင်လာသည့် အမျိုးသားကို လမ်းသွား၊ လမ်းလာများအား စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၇ ချက်ခန့်ပစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဗိုက်တစ်ချက်၊ နားထင်ကိုတစ်ချက်ထိမှန်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှပဲသေဆုံးခဲ့ပါတယ် “ဟု၎င်းက ဆက်ပြောသည်။

အဆိုပါနေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ဆေးမှုများပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီ ၁ ရက်စစ်ဆေးမှုတွင် ဆိုင်ကယ်စီးလာသူအချို့ကို အင်္ကျီများချွတ်၍ စစ်ဆေးသည်အထိ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ Silent Strike က သန်လျင်မှာ တော်တော်အောင်မြင်ခဲ့တာဗျ၊ အဲဒီလိုအောင်မြင်တော့ ညနေ့ပိုင်းကျတော့ ပြည်သူ့တွေပြန်ထွက်တော့ ခွေးတွေက မတရားအညိုးထားနေတာဗျာ။ အကြောင်းမဲ့သပ်သပ်ပစ်သတ်တာဗျာ “ဟု အထက်ပါမြို့ခံက ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသူသည် အသက်(၃၂)နှစ်အရွယ်ဖြစ်ပြီး ၎င်းနေထိုင်သည့် လမ်းထဲ၌ ပစ်သတ် ခံခဲ့ရ ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်သည့်နေရာ၌ ၎င်းတို့ပစ်ခဲ့သည့် ကျည်ခွံများကို ရှာဖွေခဲ့ကြောင်းနှင့် သေဆုံးသူကို သန်လျင်ဆေးရုံသို့သယ်ဆောင်သွားကြောင်း ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။