Connect with us

Hi, what are you looking for?

News

NUG ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စောဘလှသိန်းကို ခန့်အပ်

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ တောင်ကိုရီးယားတို့တွင် ၎င်းတို့၏ ကိုယ်စားလှယ်များကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

NUG က နိုင်ငံလေးနိုင်ငံတွင် ကိုယ်စားလှယ်များ ခန့်အပ်ထားပြီဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်ဂျပန်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် စောဘလှသိန်းကို ခန့်အပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂျပန်နှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ဂျပန်ရောက်မြန်မာနိုင်ငံသားများပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်၊ ဂျပန်ရောက်မြန်မာနိုင်ငံသားများ တွေ့ကြုံနေရသော အခက်အခဲများကိုကူညီဖြေရှင်းနိုင်ရန်ရည်ရွယ်၍ စောဘလှသိန်းကို ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

စောဘလှသိန်း သည် Karen National League (Japan) K.N.L, Karen Information Space (Japan) K.I.S, Karen National Foundation (Japan) K.N.F, Association of United Nationalities in Japan (AUN), Refugees Coordination Committee Japan (RCCJ), စသည့် အဖွဲ့အစည်းများကို တည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ဂျပန်နိုင်ငံတွင် မြန်မာ့အရေးကို တက်ကြွစွာဆောင်ရွက်နေသူဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ တောင်ကိုရီးယားတို့တွင် ၎င်းတို့၏ ကိုယ်စားလှယ်များကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ

သတင်း

(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။