Connect with us

Hi, what are you looking for?

News

KIA က စစ်ကောင်စီတပ်စခန်းနှစ်ခုနှင့် ရဲစခန်းတစ်ခုကို ယ​နေ့တိုက်ခိုက်

ဖားကန့် ဂျာရာယန် စခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ကူဖြင့် တိုက်ခုက်လာသည်ဟု သတင်းရရှိကြောင်း ၎င်းကဆိုသည်။ တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှု အခြေအနေများကို မသိရသေးဟု ပြောသည်။

(ပုံစာ- မိုးညှင်း၊ မော်ဟန်ရဲစခန်းမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ)

●စစ်ကောင်စီက လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်၊ ဖားကန်နှင့် မိုးညှင်းမြို့နယ်များရှိ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်း ၂ခုနှင့် ရဲစခန်း ၁ခုကို တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

အဆိုပါ မြို့နယ် သုံးခုရှိ စစ်ကောင်စီ လက်အောက်ခံ စခန်း ၃ ခုကို KIAနှင့်အတူ KIA ကွပ်ကဲမှု အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်းရှင်းပြသည်။

(ပုံစာ- မိုးညှင်း၊ မော်ဟန်ရဲစခန်းမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ)

“မိုးညှင်းမော်ဟန်ဘက်မှာ ရဲစခန်းကို တိုက်တယ်ဆိုတာ အတည်ပြုလို့ရပါတယ်။ ဖားကန့်ဘက်မှာ လည်း ဂျာရာယန်ဆိုတဲ့ တပ်စခန်းကို ကျွန်တော်တို့ KIAကနေ တိုက်တာရှိတယ်။ ဆွမ်ပရာ
ဘွမ်ဘက်က ဒရိုခ စခန်းကို လာတိုက်တာရှိတယ်။ သိမ်းလို့ရတာကတော့ အခုထက်ထိကတော့ မော်ဟန်ရဲစခန်း သိမ်းလို့ရတယ်ဆိုတာက ကျွန်တော်တို့ဆီမှာ ကွန်ဖန်း(အတည်ပြု)ရပါတယ်။ အခြား ၂နေရာကိုတော့ အခုထက်ထိ ဆက်တက်လာတာ မရှိသေးဘူးခင်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ မွန်းလွဲပိုင်း၌ ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့် ဂျာရာယန် စခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ကူဖြင့် တိုက်ခုက်လာသည်ဟု သတင်းရရှိကြောင်း ၎င်းကဆိုသည်။ တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှု အခြေအနေများကို မသိရသေးဟု ပြောသည်။

(ပုံစာ- မိုးညှင်း၊ မော်ဟန်ရဲစခန်းမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ)

ဖေဖော်ဝါရီ ၁ရက်ကလည်း KIAနှင့် PDF ပူးပေါင်း၍ ပူတာအိုမြို့နယ် ဆွမ်ပီယန် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ပြီး​နောက်မီးရှိုခဲ့သည်။

အဆိုပါ ဆွမ်ပီယန် ကျေးရွာသို့ စစ်ကောင်စီတပ်က ယနေ့ ညနေ ၄နာရီမှစတင်၍ ရဟတ်ယာဉ် ၃စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာ၍ ဒေသခံများ ထိခိုက်မှုရှိပြီး နေအိမ် အချို့ မီးလောင်ခဲ့ကြောင်း ကချင်သတင်းဌာန KNGက ဖော်ပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် ဗိုလ်မှူးကြီးနော်ဘူထံသို့ ထပ်မံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook