Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယန္တရား၌ ပါဝင်နေသည့် ဝန်ထမ်းများ ဖေဖော်ဝါရီ ၁၀ရက်မတိုင်မီ မြိုင်မြို့နယ်မှ ထွက်ခွာရန် မြိုင် ပအဖ ကြေညာ

မြိုင်မြို့နယ် ဒေသခံ ဝန်ထမ်းများ အနေဖြင့်လည်း ဖေဖော်ဝါရီ ၁၀ရက် နောက်ဆုံးထား၍ မိမိတို့ အလုပ်မှ နှုတ်ထွက်ခြင်း၊ CDM ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် အသိပေးကြောင်း ဖော်ပြထားသည်။

ဒေသခံ ဝန်ထမ်းများလည်း ဖေဖော်ဝါရီ ၁၀ရက်နောက်ဆုံးထား CDM ပြုလုပ်ရန် အသိပေး

စစ်ကောင်စီ ယန္တရားတွင် ပါဝင်ဆောင်ရွက်နေသည့် မြိုင်မြို့နယ်မှ အရာထမ်း၊ အမှုထမ်းများ ဖေဖော်ဝါရီ ၁၀ရက်နေ့ မတိုင်မီ မိမိတို့ ရုံးဌာန၊ နေအိမ်များမှ ရရာနည်းဖြင့် အပြီးတိုင်စွန့်လွှတ်ထွက်ခွာရန် မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ထုတ်ပြန်သည်။

မြိုင်မြို့နယ် ဒေသခံ ဝန်ထမ်းများ အနေဖြင့်လည်း ဖေဖော်ဝါရီ ၁၀ရက် နောက်ဆုံးထား၍ မိမိတို့ အလုပ်မှ နှုတ်ထွက်ခြင်း၊ CDM ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် အသိပေးကြောင်း ဖော်ပြထားသည်။

အထက်ပါ အချက် များအား လိုက်နာခြင်းမရှိပါက မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အဆိုပါ ဝန်ထမ်းများသာ မက ဝန်ထမ်းများ၏ ပိုင်ဆိုင်မှုများ၊ မိသားစုများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးလိုက်သည်ဟု ကြေညာခဲ့သည်။ ထိုသို့ တိုက်ခိုက်ရာတွင် ရုံးသွားရာလမ်း၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ၊ စျေးသို့သွားရာလမ်း၌ ဖြစ်စေ၊ ကျေးရွာများသို့ ကွင်းဆင်းသည့် အခါ၌ ဖြစ်စေ နည်းမျိုးစုံဖြင့် ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရူးတသိုက်ကို ရရာနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင် တိုက်ခိုက် ခုခံကာကွယ်သွား နေသကဲ့သို့ ဆက်လက်ပြီး ပိုမိုထိရောက်စွာ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ထပ် လောင်း အတည်ပြုသိစေလိုသည်ဟုလည်း မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်