Connect with us

Hi, what are you looking for?

News

ပုလိပ်မြို့မှစစ်ကောင်စီထောက်တိုင် BOC ဆီဆိုင်ကို မိုင်းခွဲ၊ ဝန်ထမ်းများအား ရှောင်ခိုင်းပြီးမှ တိုက်ခိုက်ခြင်းဖြစ်

အဆိုပါတိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး BOC ဆီဆိုင်သည် စစ် တပ်ထောက်တိုင်အဖြစ် ရပ်တည်နေသောကြောင့် ဆိုင်ကိုသာအဓိကထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပုလိပ်မြို့ရှိ စစ်ကောင်စီထောက်တိုင် BOC စက်သုံးဆီအရောင်းဆိုင်အား မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့ Mandalay Ranger Force
(MRF)က ယနေ့ (ဖေဖော်ဝါရီ ၄)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး BOC ဆီဆိုင်သည် စစ် တပ်ထောက်တိုင်အဖြစ် ရပ်တည်နေသောကြောင့် ဆိုင်ကိုသာအဓိကထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဝန်ထမ်းများကိုရှောင်ခိုင်းပြီးမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု MRF က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုကို အနက်ရောင်သေမင်း အဖွဲ့၊ Kyaukse District Alliances(KDA)နှင့် MandalayRanger Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။