Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ၏ ​ကျောက်ဆည်လက်နက်ထုတ်လုပ်​ရေးတပ်သွား​သော ​ထောက်ပို့ကားတစ်စီးကို တိုက်ခိုက်

“တောင်တော်ရွာရဲ့တောင်ဘက်မှာရှိတဲ့ လက်နက်ထုတ်လုပ်ရေးတပ်ကိုသွားတာပါ။ အဲ့တပ်ကနေ လက်နက်တွေသယ်ယူပြီး ထောက်ပို့နေလို့ လမ်းကနေဖြတ်ပြီးမိုင်းဆွဲခဲ့တာပါခင်ဗျ။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) တာဝန်ရှိသူက ပြောသည်။

(ဓါတ်ပုံ- KDDF တပ်ဖွဲ့ဝင်များ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်လမ်းတွင် လက်နက်ထုတ်လုပ်ရေးတပ်သို့သွားသည့်စစ်ကောင်စီတပ်၏ ထောက်ပို့ကားတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က သတင်းထုတ်ပြန်သည်။

ယနေ့( ဖေဖော်ဝါရီလ ၄ ရက်) နံနက်(၉)နာရီအချိန်ကရွာငံ၊ ဟန်မြင့်မိုရ် လမ်းအတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်အား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Black Wolf PDF(MDY)တို့ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KDDF ကအသိပေးသည်။

“တောင်တော်ရွာရဲ့တောင်ဘက်မှာရှိတဲ့ လက်နက်ထုတ်လုပ်ရေးတပ်ကိုသွားတာပါ။ အဲ့တပ်ကနေ လက်နက်တွေသယ်ယူပြီး ထောက်ပို့နေလို့ လမ်းကနေဖြတ်ပြီးမိုင်းဆွဲခဲ့တာပါခင်ဗျ။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)တာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၃၀ရက်နေ့ နံနက် ၁၁နာရီအချိန်ကလည်း ကျောက်ဆည်မြို့မြောက်ဘက် (၁၄)စစ်တပ်အနီးတွင် စစ်ကောင်စီလက်ပါးစေ မော်တော်ပီကယ်နှင့် စစ်သားများက ကားများအား လက်နက်ကိုင် ဆက်ကြေးတောင်း​နေကြောင်း သတင်းရရှိသောကြောင့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ထိုသို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ယောက် ဦးခေါင်းပွင့်ကာသေဆုံးခဲ့ပြီး မော်တော်ပီကယ်နှစ်ယောက် မျက်နှာထိခိုက်သွားခဲ့ကြောင်း KDDF က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။