Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ ​ကျောက်ဆည်လက်နက်ထုတ်လုပ်​ရေးတပ်သွား​သော ​ထောက်ပို့ကားတစ်စီးကို တိုက်ခိုက်

“တောင်တော်ရွာရဲ့တောင်ဘက်မှာရှိတဲ့ လက်နက်ထုတ်လုပ်ရေးတပ်ကိုသွားတာပါ။ အဲ့တပ်ကနေ လက်နက်တွေသယ်ယူပြီး ထောက်ပို့နေလို့ လမ်းကနေဖြတ်ပြီးမိုင်းဆွဲခဲ့တာပါခင်ဗျ။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) တာဝန်ရှိသူက ပြောသည်။

(ဓါတ်ပုံ- KDDF တပ်ဖွဲ့ဝင်များ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်လမ်းတွင် လက်နက်ထုတ်လုပ်ရေးတပ်သို့သွားသည့်စစ်ကောင်စီတပ်၏ ထောက်ပို့ကားတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က သတင်းထုတ်ပြန်သည်။

ယနေ့( ဖေဖော်ဝါရီလ ၄ ရက်) နံနက်(၉)နာရီအချိန်ကရွာငံ၊ ဟန်မြင့်မိုရ် လမ်းအတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်အား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Black Wolf PDF(MDY)တို့ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KDDF ကအသိပေးသည်။

“တောင်တော်ရွာရဲ့တောင်ဘက်မှာရှိတဲ့ လက်နက်ထုတ်လုပ်ရေးတပ်ကိုသွားတာပါ။ အဲ့တပ်ကနေ လက်နက်တွေသယ်ယူပြီး ထောက်ပို့နေလို့ လမ်းကနေဖြတ်ပြီးမိုင်းဆွဲခဲ့တာပါခင်ဗျ။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)တာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၃၀ရက်နေ့ နံနက် ၁၁နာရီအချိန်ကလည်း ကျောက်ဆည်မြို့မြောက်ဘက် (၁၄)စစ်တပ်အနီးတွင် စစ်ကောင်စီလက်ပါးစေ မော်တော်ပီကယ်နှင့် စစ်သားများက ကားများအား လက်နက်ကိုင် ဆက်ကြေးတောင်း​နေကြောင်း သတင်းရရှိသောကြောင့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ထိုသို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ယောက် ဦးခေါင်းပွင့်ကာသေဆုံးခဲ့ပြီး မော်တော်ပီကယ်နှစ်ယောက် မျက်နှာထိခိုက်သွားခဲ့ကြောင်း KDDF က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook