Connect with us

Hi, what are you looking for?

News

မြို့ပြ​ပျောက်ကြားအဖွဲ့များက လှိုင်သာယာတွင်ကင်းလှည့်နေသည့် စစ်​ကားသုံးစီးကို ဗုံးခွဲ၊ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရ

အဆိုပါ စစ်ကားလာမယ့်လမ်းကြောင်းကို ဗုံး သုံးလုံး ကြိုတင်စီစဉ်ပြီး ဖောက်ခွဲခဲ့ကာ ယင်းပေါက်ကွဲမှုကြောင့် စစ်ကားနောက်ဆုံးတစ်စီးမှာ ပိုမိုထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဝင်များ အထိအခိုက်ရှိခဲ့ကြောင်း လည်းပါရှိသည်။

ပုံစာ - ၂၀၂၁ ​ဖေ​ဖော်ဝါရီ လလယ်က ဆန္ဒပြများကို ဖြိုခွဲရန်​စောင့်ကြည့်​နေ​သော စစ်​ကောင်စီတပ်သားများ။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ကင်းလှည့်နေသည့် အာဏာသိမ်းစစ်​ကောင်စီတပ်ကား သုံးစီးကို မြို့ပြပျောက်ကြားတပ်ဖွဲ့များက ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) ညနေပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိဖွယ်ရှိကြောင်း From Zero To Hero (ZTH) က ထုတ်ပြန်သည်။

ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် လှိုင်သာယာမြို့နယ် အောက်ထိပ်မှတ်တိုင်အနီးတွင် ကင်းလှည့်လာသော စစ်ကား သုံးစီးကို From Zero To Hero (ZTH) နှင့် Spring Revolution Flames (SRF) မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အဆိုပါ စစ်ကားလာမယ့်လမ်းကြောင်းကို ဗုံး သုံးလုံး ကြိုတင်စီစဉ်ပြီး ဖောက်ခွဲခဲ့ကာ ယင်းပေါက်ကွဲမှုကြောင့် စစ်ကားနောက်ဆုံးတစ်စီးမှာ ပိုမိုထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဝင်များ အထိအခိုက်ရှိခဲ့ကြောင်း လည်းပါရှိသည်။

” မီးခွက်ဈေးအောက်ထိပ်မှာ ညနေက စစ်ကား ဗုံးခွဲခံရတာပါ။ အခု ၆ နာရီလောက်ထိ မီးခွက်စျေး အနီးတစ်ဝိုက်ကို စစ်သားတွေ ပိတ်ပြီး စစ်နေကြတယ်။ အရပ်ဝတ်တွေလဲ အများကြီးပဲ။ လူနာတင်ကားတွေ သွားနေတာလည်း တွေ့ရတယ်။ စစ်သားတွေ ထိခိုက်မှု ရှိတယ် ထင်ပါတယ်။ လမ်းပိတ်ထားတော့ သေချာတော့ မမြင်ရပါဘူး ” ဟုလှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုအပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းလုံခြုံရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ယခုထက် ပိုမို၍ တော်လှန်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ပေါက်ကွဲမှုအပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာပြီး လှိုင်သာယာ၊ မီးခွက်ဈေးအောက်ထိပ်၌ လမ်းများပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook