Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိ

ဒဏ်ရာရရှိသူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်ပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNLA တပ်မဟာ ၅ နယ်မြေ ဖာပွန်မှာ စစ်ကောင်စီက ကျေးရွာတွေအပေါ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ်စု တဒွီးခိုကျေးရွာအပေါ်ကို ဒီကနေ့ ဖေဖေါ်ဝါရီ ၅ ရက် မနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး ရွာသားနှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

ဒဏ်ရာရရှိသူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်ပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နယ်မြေထဲကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်ဆောင်နေပြီး ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေ၊ နေအိမ်ပျက်စီးတာတွေ ရှိနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။