Connect with us

Hi, what are you looking for?

News

နေအိမ် အလုံး ၃၃၀၀ ကျော်ကိုစစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီး

ဒီစာရင်းကို Data for Myanmar ဆိုတဲ့အဖွဲ့က ပြုစုထားတာဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ခြေဟာ အတိအကျအားဖြင့် ၃၃၇၉ လုံး ရှိခဲ့ပါတယ်။

(ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းက မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်ထဲ နှမ်းခါးရွာ မီးရှို့ခံရစဉ်)

စစ်တပ်အာဏာလုထားတဲ့ တစ်နှစ်တာအတွင်းအကြမ်းဖက်မှုတွေကို ကျုးလွန်ရာမှာ နိုင်ငံတဝှမ်းက အရပ်သားပြည်သူတွေရဲ့ နေအိမ် အလုံးပေါင်း ၃၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်ပါတယ်။

ဒီစာရင်းကို Data for Myanmar ဆိုတဲ့အဖွဲ့က ပြုစုထားတာဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ခြေဟာ အတိအကျအားဖြင့် ၃၃၇၉ လုံး ရှိခဲ့ပါတယ်။

စစ်ကောင်စီအများဆုံးမီးရှို့ဖျက်ဆီးခဲ့တဲ့ ဒေသကတော့ သူတို့ကို ဆန့်ကျင်မှုအမြင့်မားဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဖြစ်နေတာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၁၄၂၈ လုံးမီးရှို့ဖျက်ဆီးခံရပါတယ်။ အဲဒီနောက် ချင်းပြည်နယ် က အိမ်ခြေ ၉၇၆ လုံး ၊ မကွေးတိုင်းက ၅၈၅လုံး ၊ ကယားပြည်နယ် မှာ အိမ်ခြေ ၃၀၁ လုံး အသီးသီးမီးရှို့ဖျက်ဆီးခဲ့ရတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မန္တလေး ၊ ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်းအနောက်ပိုင်းတို့မှာလည်းစစ်ကောင်စီဟာ မီးရှို့ဖျက်ဆီးခဲ့တာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။