Connect with us

Hi, what are you looking for?

News

ကျောက်ဆည်မြို့က ပရဟိတလူငယ်ကို ညပိုင်း ဖမ်းသွားပြီး မနက်မှာအလောင်းလမ်းဘေးစွန့်ပစ်

ကိုဖြိုးသီဟဇင် နဲ့ NLD ပါတီဝန်းရံသူ လူငယ်တစ်ဦးကိုမနေ့က ညပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက နေအိမ်ကို ဝင်စီးကာဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီရဲ့ညှင်းပမ်းသတ်ဖြတ်ခံရသူ ကိုဖြိုးသီဟဇင်

မန္တလေး ၊ကျောက်ဆည်မြို့ မှာနေထိုင်တဲ့ We Love Kyauke ပရဟိတအဖွဲ့ ဦးဆောင်သူ ကိုဖြိုးသီဟဇင်နဲ့ NLD ပါတီဝန်းရံသူလူငယ်တစ်ဦး ကို စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ကိုဖြိုးသီဟဇင် နဲ့ NLD ပါတီဝန်းရံသူ လူငယ်တစ်ဦးကိုမနေ့က ညပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက နေအိမ်ကို ဝင်စီးကာဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်မနက်ပိုင်းမှာတော့ ကျောက်ဆည် မြို့ရှောင်လမ်းမမှာ သူတို့ နှစ်ဦးလုံးရဲ့ အလောင်းတွေကို လာစွန့်ပစ်ထားခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ခုလို ညှင်းပမ်းသတ်ဖြတ်ခံရတဲ့ကိုဖြိုးသီဟဇင်ဟာ ပရဟိတသမားတစ်ဦးဖြစ်ကာ အာဏာသိမ်းအစောပိုင်းကာလတွေမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ထုတ်ခံရလို့တိမ်းရှောင်နေခဲ့ရသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ခံဝန်ထိုးပြီး နေအိမ်မှာပြန်လည်နေထိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးရသူဦးရေ ဟာ ၁၅၀၀ ကျော်လာပါပြီ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးဒေသကို အလည်သွားရင်း ပျောက်ဆုံးသွားတဲ့ မိသားစု ၂ စုက မိသားစုဝင် ၆ ဦးဟာ တစ်လခွဲကျော်အကြာမှာ ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့မဲဇလီဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်စဥ် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေ ထပ်မံတွေ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၇)က ထုတ်ပြန်ပါတယ်။