Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ဆည်မြို့က ပရဟိတလူငယ်ကို ညပိုင်း ဖမ်းသွားပြီး မနက်မှာအလောင်းလမ်းဘေးစွန့်ပစ်

ကိုဖြိုးသီဟဇင် နဲ့ NLD ပါတီဝန်းရံသူ လူငယ်တစ်ဦးကိုမနေ့က ညပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက နေအိမ်ကို ဝင်စီးကာဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီရဲ့ညှင်းပမ်းသတ်ဖြတ်ခံရသူ ကိုဖြိုးသီဟဇင်

မန္တလေး ၊ကျောက်ဆည်မြို့ မှာနေထိုင်တဲ့ We Love Kyauke ပရဟိတအဖွဲ့ ဦးဆောင်သူ ကိုဖြိုးသီဟဇင်နဲ့ NLD ပါတီဝန်းရံသူလူငယ်တစ်ဦး ကို စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ကိုဖြိုးသီဟဇင် နဲ့ NLD ပါတီဝန်းရံသူ လူငယ်တစ်ဦးကိုမနေ့က ညပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက နေအိမ်ကို ဝင်စီးကာဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်မနက်ပိုင်းမှာတော့ ကျောက်ဆည် မြို့ရှောင်လမ်းမမှာ သူတို့ နှစ်ဦးလုံးရဲ့ အလောင်းတွေကို လာစွန့်ပစ်ထားခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ခုလို ညှင်းပမ်းသတ်ဖြတ်ခံရတဲ့ကိုဖြိုးသီဟဇင်ဟာ ပရဟိတသမားတစ်ဦးဖြစ်ကာ အာဏာသိမ်းအစောပိုင်းကာလတွေမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ထုတ်ခံရလို့တိမ်းရှောင်နေခဲ့ရသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ခံဝန်ထိုးပြီး နေအိမ်မှာပြန်လည်နေထိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးရသူဦးရေ ဟာ ၁၅၀၀ ကျော်လာပါပြီ။

ဆက်စပ်သတင်းများ

သတင်း

ဆီဆိုင်မြို့ရှိစစ်တပ်စခန်းနှင့် ရဲစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်​ကြောင်း PNLA ကဇန်နဝါရီ ၁၈ ရက်တွင်​ကြေညာခဲ့သည်။

သတင်း

ကျောက်တံခါးမြို့နယ်အတွင်းမှ စစ်ကောင်စီလက် အောက်ခံ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများပါလာပါက ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် (ပကဖ)မှ ကြေညာထားသည်။

နိုင်ငံတကာ

ဟိုတယ်ထဲမှာ ခေါင်းဖြတ်ထားတဲ့ အလောင်း ရှာတွေ့ခဲ့တဲ့နောက် အမျိုးသမီး တစ်ဦးနဲ့ မိဘတွေကို ဖမ်းဆီးထားလိုက်ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

အလောင်းတွေ့တဲ့နေရာဟာ မြရည်နန္ဒာ အိမ်ရာ အရှေ့ဘက် ၁၂၀ လမ်း နဲ့ သန့်ဇင်ကုန်းကျေးရွာဒေါင့် မှာ ဒီမနက် ၁၀ နာရီဝန်းကျင်က တွေ့ခဲ့ရတာပါ။