Connect with us

Hi, what are you looking for?

သတင်း

ပုပ္ပါးမှာပျောက်သွားတဲ့ မိသားစု ၂စု တစ်လခွဲကျော်အကြာမှာ အိမ်ပြန်ရောက်လာ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးဒေသကို အလည်သွားရင်း ပျောက်ဆုံးသွားတဲ့ မိသားစု ၂ စုက မိသားစုဝင် ၆ ဦးဟာ တစ်လခွဲကျော်အကြာမှာ ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။

ပုပ္ပါးတောင်ကိုတွေ့ရပုံ ( ဓာတ်ပုံ - ဝီကီ

ဒီဇင်ဘာ-၁၉၊ ၂၀၂၅ ဟာနာဆန်/ People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးဒေသကို အလည်သွားရင်း ပျောက်ဆုံးသွားတဲ့ မိသားစု ၂ စုက မိသားစုဝင် ၆ ဦးဟာ တစ်လခွဲကျော်အကြာမှာ ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု ၂စုဟာ ပုပ္ပါးမှာ ရောက်ရှိနေချိန် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။

ဆွေမျိုးသားချင်းတွေဟာ လိုက်လံရှာဖွေခဲ့ကြပေမဲ့ မတွေ့ခဲ့ကြဘဲ လူမှုကွန်ရက်ကနေတဆင့် သတင်းပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် သတင်းအစအနမရတော့ဘဲ တစ်လခွဲကျော်အကြာ မနေ့က ဒီဇင်ဘာ ၁၈ ရက်မှာတော့ ကျောက်ဆည်မြို့က နေအိမ်ကို ၆ ဦးလုံး ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။

“ အားလုံး ကျန်းကျန်းမာမာပဲ ပြန်လည် ရောက်ရှိလာပါတယ်” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပျောက်ဆုံးခဲ့သူတွေဟာ ကျောက်ဆည်မြို့က ဖိနပ်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ၊ ၎င်းတို့၏ သားငယ်၊ မိတ်ဆွေ အမျိုးသမီး ၂ဦးနဲ့ ကလေးတစ်ဦးတို့ ဖြစ်ပါတယ်။

ပြန်တွေ့တာနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့မိသားစုဝင်တွေဆီ ဆက်သွယ်​မေး​မြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ “ အခုချိန်မှာ အလုံးစုံ ဖြေပေးလို့ မရသေးလို့ နားလည်ပေးပါ” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ပုပ္ပါးဒေသမှာ စစ်တပ်လက်​အောက်ခံသစ်​တောဝန်ထမ်း​တွေနဲ့ အတူ သစ်ပင်လာစိုက်တယ်လို့ဆိုတဲ့ ရေနံ့သာဒင်းဂါးပါအဖွဲ့ကို ​လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယာယီထိန်းသိမ်းပြီး ပြန်လွှတ်​ပေးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဆည်မြို့ အနီးဗဟိုပြု၍ ယ​နေ့ (ဧပြီ ၄)ည ၉ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရစ်ချ်တာစကေး ၄.၇ အဆင့်ရှိအင်အားအသင့်အတင့်ရှိသည့် မြေငလျှင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်။

သတင်း

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ မှာ ငလျင်ဒဏ်ကြောင့် ရွှေသာလျောင်းတောင်ပေါ်က ကျောက်သေတ္တာ လို့ လူသိများတဲ့ ကျောက်တုံးကြီး ပြုတ်ကျလာနိုင်တဲ့အတွက် တောင် အောက်ခြေအနီးတဝိုက်မှာနေထိုင်သူတွေကို ပြောင်းရွှေ့ဖို့ သတိပေးနေပါတယ်။

သတင်း

ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ Bright Kids မူကြိုကျောင်း ပြိုကျမှုအတွင်း ကလေးငယ် ၃၀ကျော်နှင့် ဆရာမနှစ်ဦး အဆောက်အဦးပိ၍သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ရှိ ဒေသခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပါးမြို့ရဲ့မြောက်ဘက် ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာဒေသခံတွေကို စစ်ဆေးတာနဲ့ငွေကြေးတောင်းခံ​နေတဲ့ စစ်ကောင်စီတပ်တွေကို အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီးပျက်စီးပြီး စစ်ကောင်စီတပ်သားတွေအထိခိုက်များနိုင်တယ်လို့ ပုပ္ပါးပြောက်ကျားတပ်(PoPa Production & Guerilla Force)အဖွဲ့က ပြောပါတယ်။