Connect with us

Hi, what are you looking for?

News

ကုန်းသာရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF/PDF ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၉ဦးထက်မနည်း ထိခိုက်သေဆုံးဟုဆို

အဆိုပါ တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မှထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာရွာအနီး လင်ဖုံလေးလမ်းခွ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၇ရက် နံနက် ၅နာရီခွဲခန့်တွင် KNDF တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၁၁)နှင့် ဖယ်ခုံ အရှေ့ဘက်ကမ်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ ပူးပေါင်းကာ စစ်ကောင်စီတပ်စွဲရာနေရာကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မှထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၄ရက်ကလည်း KNDF တပ်ဖွဲ့ဝင်များက လွိုင်ကော် ထီရိရွာ အပေါ် တောင်ထိပ်၌ တပ်စွဲထားသည့် စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ