Connect with us

Hi, what are you looking for?

News

လှိုင်သာယာမြို့မရဲစခန်း ၄၀ မမဗုံးသီးဖြင့် အထုခံရ

“၄၀ မမ ဗုံးပစ် လောင်ချာနဲ့ ပစ်ခဲ့တာပဲ။ အထိ အခိုက်အခြေအနေကတော့ မသိသေးဘူး။ ၆ နာရီ ၅၉ မိနစ်မှာပစ်ခဲ့တယ်။ အဆောက် အဦးထိပြီး ပေါက်ကွဲသံ ကြားရတယ်”ဟုDRFမှရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လှိုင်သာယာမြို့မရဲစခန်းကို ယနေ့ညဦးပိုင်း ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Dictator Revolt Front(DRF)က လူထုနွေဦးသို့ အတည်ပြုသည်။

ယနေ့ည ၇ နာရီခန့်က လှိုင်သာယာ (၅)ထိပ်မှတ်တိုင်နှင့် ရုံးရှေ့မှတ်တိုင်ကြားရှိ စစ်ကောင် စီလက်အောက်ခံ မြို့မရဲစခန်းအား ဗုံးပစ်လောင်ချာနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DRF က ပြောသည်။

“၄၀ မမ ဗုံးပစ် လောင်ချာနဲ့ ပစ်ခဲ့တာပဲ။ အထိ အခိုက်အခြေအနေကတော့ မသိသေးဘူး။ ၆ နာရီ ၅၉ မိနစ်မှာပစ်ခဲ့တယ်။ အဆောက် အဦးထိပြီး ပေါက်ကွဲသံ ကြားရတယ်”ဟုDRFမှရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ DRF အနေဖြင့် အများပြည်သူအား ကာကွယ်မှုမရှိဘဲ အာ ဏာရှင်ကို ကာကွယ်ပေးနေသည့် စစ်ကောင်စီလက် အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် Non-CDM ဝန်ထမ်းများကို အရေးတော်ပုံအောင်သည်အထိ အသက်ပေးတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အများပြည်သူထံ သတင်း စကားပါးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။