Connect with us

Hi, what are you looking for?

News

အာရှလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်းကို KNLAနှင့် သထုံပြောက်ကျား အဖွဲ့ပူးပေါင်း တိုက်ခိုက်

အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ကားလေးစီးပျက်စီးခဲ့ကာ တပ်သား အယောက်(၃၀) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရသည်ဟု TPGက ဆိုသည်။

စစ်ကောင်စီတပ်သား ၃၀ခန့်ထိခိုက်ဒဏ်ရာရရှိကြောင်း သထုံပြည်သူ့ ပြောက်ကျားများ ထုတ်ပြန်

ရန်ကုန်-မော်လမြိုင်ကားလမ်း(အာရှလမ်းမကြီး)ပေါ်၌အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် သထုံပြည်သူ့ပြောက်ကျားအဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာ ကားလေးစီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၃၀ခန့်ထိခိုက်ဒဏ်ရာ ရရှိကြောင်း သထုံပြည်သူ့ ပြောက်ကျားများ(TPG)က ယနေ့(ဖေဖော်ဝါရီ ၈ ရက်)တွင် ထုတ်ပြန် သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၇ ရက် ည၁၁နာရီကျော်က ဘီလင်းမြို့နယ် ကမာဆိုင်ကွက်သစ် ကျေးရွာအနီး ကားခုနှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို KNU/KNLA တပ်မဟာ(၁)၊ ရင်း(၂)၊ ခွဲ(၃) နှင့် TPG ပူးပေါင်းအဖွဲ့တို့မှ မိုင်းသုံးကြိမ်၊ RPG လက်နက်ကြီးသုံးလုံးအပါအဝင် လက်နက်ငယ်များ ဖြင့်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ကားလေးစီးပျက်စီးခဲ့ကာ တပ်သား အယောက်(၃၀) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရသည်ဟု TPGက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ သေဆုံးမှုစာရင်းကို အတည်ပြုနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း KNLA တပ်မဟာ (၁)၊တပ်ရင်း(၂)၊တပ်ခွဲ(၁)နှင့် သထုံပြည်သူ့ ပြောက်ကျား(TPG)တပ်ဖွဲ့တို့ ပူးပေါင်း၍ ထုံးဘိုကြီး ထုံးဘိုလေးကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ဦးသေပြီး ၃ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။