Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းနယ် စနဗျင်းရွာတပ်စွဲထား​သော စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦး​သေ၊ ​သေနက် နှစ်လက်သိမ်းစည်းရမိဟု မင်းကင်း PDF အသိ​ပေး

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၉ရက် နံနက် ၁နာရီခန့်က ဖြစ်ပြီး မင်းကင်း PDF တပ်ရင်း (၃)တပ်ခွဲ- ၁ မှ ပြောက်ကျားတပ်စိပ် (၂)က ဝင်ရောက်စီးနင်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ၊စနဗျင်းရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်း မင်းကင်း PDF က ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၉ရက် နံနက် ၁နာရီခန့်က ဖြစ်ပြီး မင်းကင်း PDF တပ်ရင်း (၃)တပ်ခွဲ- ၁ မှ ပြောက်ကျားတပ်စိပ် (၂)က ဝင်ရောက်စီးနင်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် ရန်သူဖက်မှ သုံးဦးသေကာနှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့​ပြီး MA-2 စက်ကလေးတစ်လက်နှင့် ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့သည်ဟု မင်းကင်း PDF ကဆိုသည်။

ထို့အပြင် ပြောက်ကျားတပ်ခွဲမှ ရဲဘော်များထိခိုက်ဒဏ်ရာမရရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။