Connect with us

Hi, what are you looking for?

News

မင်းကင်းနယ် စနဗျင်းရွာတပ်စွဲထား​သော စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦး​သေ၊ ​သေနက် နှစ်လက်သိမ်းစည်းရမိဟု မင်းကင်း PDF အသိ​ပေး

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၉ရက် နံနက် ၁နာရီခန့်က ဖြစ်ပြီး မင်းကင်း PDF တပ်ရင်း (၃)တပ်ခွဲ- ၁ မှ ပြောက်ကျားတပ်စိပ် (၂)က ဝင်ရောက်စီးနင်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ၊စနဗျင်းရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်း မင်းကင်း PDF က ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၉ရက် နံနက် ၁နာရီခန့်က ဖြစ်ပြီး မင်းကင်း PDF တပ်ရင်း (၃)တပ်ခွဲ- ၁ မှ ပြောက်ကျားတပ်စိပ် (၂)က ဝင်ရောက်စီးနင်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် ရန်သူဖက်မှ သုံးဦးသေကာနှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့​ပြီး MA-2 စက်ကလေးတစ်လက်နှင့် ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့သည်ဟု မင်းကင်း PDF ကဆိုသည်။

ထို့အပြင် ပြောက်ကျားတပ်ခွဲမှ ရဲဘော်များထိခိုက်ဒဏ်ရာမရရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

Facebook