Connect with us

Hi, what are you looking for?

News

PDF၊ NUG၊ CRPHတို့အား တိုက်ဖျက်ရန် အကြမ်းဖက် စစ်ကောင်စီ၏တောင်းဆိုမှု လက်ခံဆောင်ရွက်ပေးမည်မဟုတ်ဟု အင်တာပိုအကြောင်းပြန်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်က PDF ၊ NUG၊ CRPH တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲခဲ့ကာ UNCTED ၊ ACCT ၊ ASEANAPOL နှင့် INTERPOLတို့က စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သံတမန်များရှေ့၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - Interpol

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(Interpol)က PDF ၊ NUG၊ CRPH တို့အား တိုက်ဖျက်ရန် အကြမ်းဖက်စစ်ကောင်စီ ၏ တောင်းဆိုမှုကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း CNA သတင်းဌာနက ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်)ဖော်ပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်က PDF ၊ NUG၊ CRPH တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲခဲ့ကာ UNCTED ၊ ACCT ၊ ASEANAPOL နှင့် INTERPOLတို့က စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သံတမန်များရှေ့၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါတောင်းဆိုမှုနှင့်ပတ်သက်၍ CNA က အင်တာပို၏ သဘောထားကိုဆက်သွယ်မေးမြန်းခဲ့ရာ “နိုင်ငံရေးပြိုင်ဘက်တွေကို၊ အစိုးရကို ဝေဖန်သူတွေကို ဒါမှမဟုတ် အာဏာသိမ်းဖြစ်စဉ် စတာတွေနဲ့ပတ်သက်လို့ အကူအညီတောင်းခံတဲ့ အကြောင်းကြားစာလို ပြည်တွင်းနိုင်ငံရေးတွေ ပါဝင်တဲ့အကြောင်းအရာတွေအဖြစ် မှတ်ယူလို့ရမယ့် အဖွဲ့အစည်းတွေရဲ့ ဘယ်လိုတောင်းခံမှုမျိုးကိုမဆို အင်တာပိုက အကူအညီပေးမှာ မဟုတ်ပါဘူး”ဟု အင်တာပိုကဖြေကြားသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းက အာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်မကြေညာသေးသော်လည်း စစ်တပ်၏ ပြည်သူလူထုအပေါ် ကျူးလွန်သော လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ရန် အကြိမ်ကြိမ်ထုတ်ပြန်တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂပညာရှင်များနှင့်ဖွဲ့စည်းထားသော မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝန်းက စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမြန်ဆုံးကြေညာရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။