Connect with us

Hi, what are you looking for?

News

PDF၊ NUG၊ CRPHတို့အား တိုက်ဖျက်ရန် အကြမ်းဖက် စစ်ကောင်စီ၏တောင်းဆိုမှု လက်ခံဆောင်ရွက်ပေးမည်မဟုတ်ဟု အင်တာပိုအကြောင်းပြန်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်က PDF ၊ NUG၊ CRPH တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲခဲ့ကာ UNCTED ၊ ACCT ၊ ASEANAPOL နှင့် INTERPOLတို့က စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သံတမန်များရှေ့၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - Interpol

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(Interpol)က PDF ၊ NUG၊ CRPH တို့အား တိုက်ဖျက်ရန် အကြမ်းဖက်စစ်ကောင်စီ ၏ တောင်းဆိုမှုကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း CNA သတင်းဌာနက ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်)ဖော်ပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်က PDF ၊ NUG၊ CRPH တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲခဲ့ကာ UNCTED ၊ ACCT ၊ ASEANAPOL နှင့် INTERPOLတို့က စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သံတမန်များရှေ့၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါတောင်းဆိုမှုနှင့်ပတ်သက်၍ CNA က အင်တာပို၏ သဘောထားကိုဆက်သွယ်မေးမြန်းခဲ့ရာ “နိုင်ငံရေးပြိုင်ဘက်တွေကို၊ အစိုးရကို ဝေဖန်သူတွေကို ဒါမှမဟုတ် အာဏာသိမ်းဖြစ်စဉ် စတာတွေနဲ့ပတ်သက်လို့ အကူအညီတောင်းခံတဲ့ အကြောင်းကြားစာလို ပြည်တွင်းနိုင်ငံရေးတွေ ပါဝင်တဲ့အကြောင်းအရာတွေအဖြစ် မှတ်ယူလို့ရမယ့် အဖွဲ့အစည်းတွေရဲ့ ဘယ်လိုတောင်းခံမှုမျိုးကိုမဆို အင်တာပိုက အကူအညီပေးမှာ မဟုတ်ပါဘူး”ဟု အင်တာပိုကဖြေကြားသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းက အာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်မကြေညာသေးသော်လည်း စစ်တပ်၏ ပြည်သူလူထုအပေါ် ကျူးလွန်သော လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ရန် အကြိမ်ကြိမ်ထုတ်ပြန်တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂပညာရှင်များနှင့်ဖွဲ့စည်းထားသော မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝန်းက စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမြန်ဆုံးကြေညာရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။