Connect with us

Hi, what are you looking for?

News

မန္တလေးမြို့ရှိ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံးချိတ်ပိတ်ခံရ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၈ ဦးကို စစ်ကောင်စီဖမ်းဆီး

အသင်းဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၈ဦးတို့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၉)ကတည်းက ဖမ်းဆီးသွား ခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ် ၄၁ လမ်း/၉၂ လမ်းဒေါင့်ရှိ အသင်းပိုင်ရုံးကိုမူ ယနေ့တွင် ချိတ်ပိတ်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မန္တလေးမြို့အခြေစိုက် မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံးကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ပြီး ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၈ဦးကို ဖမ်းဆီးသွားကြောင်း ယင်းအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၀) ထုတ်ပြန်သည်။

အသင်းဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၈ဦးတို့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၉)ကတည်းက ဖမ်းဆီးသွား ခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ် ၄၁ လမ်း/၉၂ လမ်းဒေါင့်ရှိ အသင်းပိုင်ရုံးကိုမူ ယနေ့တွင် ချိတ်ပိတ်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးကိစ္စရပ်များနှင့် ဆက်စပ်သည်ဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး အသင်းရုံးနှင့် အသင်းပိုင်ပစ္စည်းများ သိမ်း ဆည်းခံရခြင်းကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း ဝမ်းနည်းစွာဖြင့် ရပ်နားလိုက်ရပြီဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေးထားသည်။

ထို့ပြင် လက်ရှိအခြေအနေတွင် အသင်းဥက္ကဋ္ဌနှင့် ကျန်းအဖွဲ့ဝင်အချို့အား ဖမ်းဆီးစစ်ဆေး နေဆဲဖြစ်ကြောင်းလည်း မဟာအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။