Connect with us

Hi, what are you looking for?

News

စစ်ယာဉ်တန်း လုံခြုံရေးရှေ့ပြေးတပ်ကို CNDFတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဟု ထုတ်ပြန်

အဆိုပါ ဖြစ်စဉ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ရှေ့ပြေးတာဝန်ယူ ပေးနေသည့် စစ်ကောင်စီတပ်များအား လက်ဦးမှုယူ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ဒဏ်ရာရ သူများရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ယနေ့ ထုတ်ပြန်သည်။

ဖလမ်းမြို့နယ်သို့ ဖေဖော်ဝါရီ ၉ရက်က စစ်ကောင်စီ၏ ယာဉ် ၂၂ စီးသည် ရိက္ခာပို့ဆောင်ရန် တက်လာရာယာဉ်တန်းရှေ့ ရှေ့ပြေးတာဝန်ယူနေသည့် တပ်ကို ဖလမ်းမြို့နယ် ပါရ်သဲရွာအနီးတွင် CNOလက်အောက်ခံ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

CNDFသည် ဇန်နဝါရီအတွင်းကလည်း စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှု များ မကြာခဏပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။