Connect with us

Hi, what are you looking for?

News

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများကို ပြည်သူ့ဘက်ရပ်တည်ရန် IFM တောင်းဆို

အကြမ်းဖက်စစ်တပ်သည် မြန်မာပြည်သူများကို အကြောက်တရားဖြင့် အုပ်ချုပ်ရန် ကြိုးစားခဲ့သည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် (၁)နှစ်ပြည့်ခဲ့သော်လည်း ယခုအချိန်အထိ ပြည်သူကိုလုံး၀အုပ်ချုပ်ခွင့်မရသေးပေ။

(နယူး​ဒေလီမြို့ရှိ မြန်မာသံရုံးသို့ အိတ်ဖွင့်​ပေးစာ​ပေးပို့သည့် လူငယ်နှစ်ဦးကို ​တွေ့ရစဥ်)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများကို ပြည်သူ့ဘက်ရပ်တည်ရန် India For Myanmar တက်ကြွလှုပ်ရှားသူများက တောင်းဆိုတိုက်တွန်းသည်။

ယနေ့ကျရောက်သော ပင်လုံစာချုပ်ချုပ်ဆိုခြင်းအထိမ်းအမှတ်နေ့တွင် အဆိုပါ တက်ကြွလှုပ်ရှားသူများက နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ကာ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်သူတို့၏ ဒုက္ခများအား ထပ်တိုးနာကျင်စေမည့် ဖက်ဆစ်စစ်တပ်၏ အမိန့်ပေးခိုင်းစေနေမှုများအား လိုက်နာကျင့်ကြံနေသည့် လုပ်ရပ်များ အားလုံးကို ရပ်ပြီး သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းလာလိမ့်မည်ဟုလည်း ကျွန်ုပ်တို့မျှော်လင့်ပါသည်”ဟု India For Myanmar ၏ အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

ထိုသို့ ပြည်သူ့ဘက် ရပ်တည်ရန် နှိုးဆော်တိုက်တွန်းမှုများအား ဥပေက္ခာပြုပါက အိန္ဒိယနိုင်ငံရောက် မြန်မာများအနေဖြင့် ပြင်းထန်သော ဆန့်ကျင့်ရှုတ်ချမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဓမ္မဘက်တွင် ရပ်တည်ရန် အချိန်နောက်ကျသည်ဟူ၍ မရှိဘဲ ပြည်သူ့အတွက် မျက်နှာမူသည့် ပြည်သူ့၀န်ထမ်းကောင်းများကို ပြည်သူများက အစဉ်တစိုက်ကြိုဆိုနေကြောင်းလည်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် မြန်မာပြည်သူများကို အကြောက်တရားဖြင့် အုပ်ချုပ်ရန် ကြိုးစားခဲ့သည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် (၁)နှစ်ပြည့်ခဲ့သော်လည်း ယခုအချိန်အထိ ပြည်သူကိုလုံး၀အုပ်ချုပ်ခွင့်မရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။