Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဥက္ကလာပအဝေးပြေးရှေ့စစ်​ကောင်စီ၏စစ်ကြောရေးစခန်းကို DRF က ၄၀မမဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဖေဖော်ဝါရီ ၁၃)ည ၈ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖိုးဗိုလ်ချုပ်၏ (၁၀၇)နှစ်ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြောက်ဥက္ကလာပမြို့နယ် အဝေးပြေးစခန်းရှေ့ရှိ စစ်ကောင်စီတပ် စစ်ကြောရေးစခန်းအတွင်းသို့ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် Dictator Revolt Front အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဖေဖော်ဝါရီ ၁၃)ည ၈ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖိုးဗိုလ်ချုပ်၏ (၁၀၇)နှစ်ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲနေရာက အရင်က ထောက်လှမ်းရေးတပ်ရှိတယ်။ အခုတော့ ထောက်လှမ်းရေးတပ်ဖျက်လိုက်တော့ ဘာတပ်လဲတော့မသိဘူး ထပ်ရောက်နေတာရှိတယ်။ ပေါက်ကွဲသံတော့ကြားတယ်။ ဘယ်လိုရှိတယ်ဆိုတာတော့ မသိရဘူး”ဟု မြောက်ကဥက္ကလာပမြို့ခံတစ်ဦးက ပြောသည်။

DRF အဖွဲ့၏ထုတ်ပြန်ချက်အရ ၎င်းတို့တိုက် ခိုက်ခဲ့သည့်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စရဖများရှိနေပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးဟု အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။