Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာပအဝေးပြေးရှေ့စစ်​ကောင်စီ၏စစ်ကြောရေးစခန်းကို DRF က ၄၀မမဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဖေဖော်ဝါရီ ၁၃)ည ၈ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖိုးဗိုလ်ချုပ်၏ (၁၀၇)နှစ်ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြောက်ဥက္ကလာပမြို့နယ် အဝေးပြေးစခန်းရှေ့ရှိ စစ်ကောင်စီတပ် စစ်ကြောရေးစခန်းအတွင်းသို့ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် Dictator Revolt Front အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဖေဖော်ဝါရီ ၁၃)ည ၈ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖိုးဗိုလ်ချုပ်၏ (၁၀၇)နှစ်ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲနေရာက အရင်က ထောက်လှမ်းရေးတပ်ရှိတယ်။ အခုတော့ ထောက်လှမ်းရေးတပ်ဖျက်လိုက်တော့ ဘာတပ်လဲတော့မသိဘူး ထပ်ရောက်နေတာရှိတယ်။ ပေါက်ကွဲသံတော့ကြားတယ်။ ဘယ်လိုရှိတယ်ဆိုတာတော့ မသိရဘူး”ဟု မြောက်ကဥက္ကလာပမြို့ခံတစ်ဦးက ပြောသည်။

DRF အဖွဲ့၏ထုတ်ပြန်ချက်အရ ၎င်းတို့တိုက် ခိုက်ခဲ့သည့်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စရဖများရှိနေပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးဟု အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။