Connect with us

Hi, what are you looking for?

News

မဲမသမာမှုစွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုတဲ့အမှု တရားလိုကို စတင်စစ်ဆေး

အဲဒီအမှုအတွက် ဒီနေ့မှာတော့ တရားလိုဖြစ်သူ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြာရေးမှူး ဦးအောင်မျိုးလွင်ကို စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ −AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် ရွေးကောက်ပွဲမသမာမှုစွပ်စွဲချက်နဲ့ တရားစွဲထားတဲ့အမှုအတွက် တရားလိုကို ဒီနေ့မှာ စစ်ဆေးတယ်လို့သိရပါတယ်။

ရွေးကောက်ပွဲ မသမာမှုလုပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတ ဦးဝင်းမြင့် ၊အစိုးရ အဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့ကို ထောင် သုံးနှစ်အထိ ချလို့ရတဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲတာပါ။

အဲဒီအမှုအတွက် ဒီနေ့မှာတော့ တရားလိုဖြစ်သူ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြာရေးမှူး ဦးအောင်မျိုးလွင်ကို စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒီအမှုဟာ ရိုးရှင်းတဲ့အမှုဖြစ်တဲ့အတွက် ၆ လအတွင်းစစ်ဖို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။