Connect with us

Hi, what are you looking for?

News

ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို စဥ့်ကူး PDFဝင်တိုက်၊ စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးသေ

“စစ်ဘက်၊ ရဲဘက်အရာရှိနှစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရရသူ များစွာရှိသည်ဟုကြားသိရပါတယ်”ဟု စဥ့်ကူး PDFမှ ရဲဘော်တစ်ဦးက အတည်ပြုပြောကြားသည်။

မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း စဥ့်ကူး PDFက ယနေ့(ဖေဖော်ဝါရီ ၁၄)ထုတ်ပြန်သည်။

စဥ့်ကူး PDFမှ ကျဆုံးစစ်သည် ရဲဘော်မိုးကြိုးကိုဂုဏ်ပြုသောအားဖြင့် မိုးကြိုးစစ်ဆင်ရေးဟု အမည်ပေးကာ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

“စစ်ဘက်၊ ရဲဘက်အရာရှိနှစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရရသူ များစွာရှိသည်ဟုကြားသိရပါတယ်”ဟု စဥ့်ကူး PDFမှ ရဲဘော်တစ်ဦးက အတည်ပြုပြောကြားသည်။

ထို့အပြင် ပင်လယ်ကြီးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကူလာသော စစ်တပ်ယာဉ်များကို စဉ့်ကူးမြို့အထွက်တွင်တစ်ကြိမ် ကံပျိုကျေးရွာအနီးတွင်တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူလေဆိပ်အနီးက စစ်တပ်စစ်ဆေးရေးဂိတ်စခန်း ခေါင်းဆောင် ရဲတပ်ကြပ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက် ၂လက်နဲ့ ကား ၁စီး သိမ်းရတယ်လို့ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း(၃) -Southern YSO PDF တာ၀န်ခံ ကိုအောင်မောင်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook