Connect with us

Hi, what are you looking for?

News

ပင်လယ်ကြီးစစ်​ဆေး​ရေးဂိတ်ကို စဥ့်ကူးPDF တိုက်ခိုက်စစ်​ကောင်စီစစ်သားနှင့်ရဲ နှစ်ဦး​သေ

အခင်းဖြစ်ရာနေရာသည် စဥ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ပင်လယ်ကြီးကျေးရွာအနီးတွင် တည်ရှိပြီး ဂိတ်တွင်တာဝန်ကျနေသော လက်ပန်လှနယ်မြေရဲစခန်းမှ ဒုရဲအုပ်မိုးဝင်းနှင့် အမှတ် ၉၁၀ တပ်မှ တပ်သားစိုးမော်ဦးတို့သေဆုံးခဲ့ကြောင်း NUG၏ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားတစ်ဦးနှင့်ရဲအရာရှိတစ်ဦးသေဆုံးခဲ့ကာ တပ်ကူလာ
သည့်ယာဥ်များကိုပါ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စဉ့်ကူးပြည်သူ့ကာကွယ်ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက် )နံနက်ပိုင်းက မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ပင်လယ်ကြီး စစ်ဆေးရေးစခန်းအား စဥ့်ကူး PDF အဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကြောင်း စဉ့်ကူးပြည်သူ့ကာကွယ်ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

အခင်းဖြစ်ရာနေရာသည် စဥ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ပင်လယ်ကြီးကျေးရွာအနီးတွင် တည်ရှိပြီး ဂိတ်တွင်တာဝန်ကျနေသော လက်ပန်လှနယ်မြေရဲစခန်းမှ ဒုရဲအုပ်မိုးဝင်းနှင့် အမှတ် ၉၁၀ တပ်မှ တပ်သားစိုးမော်ဦးတို့သေဆုံးခဲ့ကြောင်း NUG၏ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

Public Service Announcement

“ကျွန်တော်တို့ရဲ့ ကျဆုံးသွားခဲ့သော ရဲဘော်မိုးကြိုးကို ဂုဏ်ပြုပြီးအမည်ပေးထားတဲ့ မိုးကြိုးစစ်ဆင်ရေးကို ယနေ့မနက် ၅ နာရီတိတိမှာစတင်ပါတယ်။ စစ်ဘက် ရဲဘက် အရာရှိ နှစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရသူများစွာရှိသည်ဟုကြားသိရပါတယ်။”ဟု စဥ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တဆက်တည်းမှာပင်စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်များအား စဉ့်ကူးမြို့အထွက်တွင်တစ်ကြိမ်၊ ကံပျိုကျေးရွာအနီးတွင်တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ပြည်သူ့ကာကွယ်ရေးတပ်သား PDF များ အကျအဆုံးမရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း စဥ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

တိုက်ခိုက်ခံရသော မန္တလေး-မိုးကုတ်လမ်းသည် စစ်ဆေးရေးဂိတ်များ ခပ်စိပ်စိပ်တည်ရှိနေပြီး စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်နိုင်သည့်လမ်းမကြီးတစ်ခုလည်းဖြစ်သည်။

ထို့အပြင် ယမန်​နေ့နံနက်အ​စောက မန္တ​လေး-မိုးကုတ်လမ်း​ပေါ်ရှိ ​ဂွေးပင်ရွာအနီးရှိစစ်​ကောင်စီတပ်ကို PDF ကစီးနင်းတိုက်ခိုက်ရာ စသ်​ကောင်စီတပ်မှစခန်းရှိတပ်ရင်းမှူးအပါအဝင် ၄၀ ဦးခန့်​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook