Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုယ်တိုင်သဘောတူခဲ့တဲ့ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို စင်ကာပူနဲ့ ကမ္ဘောဒီးယားတိုက်တွန်း

အစောပိုင်းကာလတွေကတော့ အာဆီယံ အထူးကိုယ်စားလှယ် ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရက်အတိအကျအတည်ပြု ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

အာဆီယံ ဘုံသဘောတူညီချက်တွေကို အာဏာသိမ်းမြန်မာစစ်ကောင်စီ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဖို့အတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဒီနေ့မှာ ဖနွမ်းပင်မှာ တွေ့ဆုံလိုက်ကြပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖေ့ဘွတ်ခ်ကတဆင့်သတင်းထုတ်ပြန်ရာမှာ ဘုံသဘောတူညီချက် ၅ ချက်ကို ခပ်မြန်မြန်အကောင်အထည်ဖော်ဖို့ ၊ အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်အတွင်းမြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံခွင့်ရဖို့ အတွက်ပါ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟာ အာဆီယံ ရဲ့ အထူးကိုယ်စားလှယ်ဖြစ်ပါတယ်။

အစောပိုင်းကာလတွေကတော့ အာဆီယံ အထူးကိုယ်စားလှယ် ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရက်အတိအကျအတည်ပြု ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

အာဆီယံအဖွဲ့ကြီး ကို ဦးဆောင် တည်ထောင်ကြသူတွေဖြစ်တဲ့ အင်ဒိုနီးရှား ၊မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေဟာ စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် သဘောတူညီထားခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှုမရှိဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားကြပါတယ်။

မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ပြီးခဲ့တဲ့ နှစ် ဧပြီလအတွင်း မြန်မာ့ပြည်သူတွေအပြင်းအထန်ကန့်ကွက်နေတဲ့ ကြားက စစ်ကောင်စီခေါင်းဆောင် ကို တက်ခွင့်ပြုတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့ကြတာပါ။

အဲဒီအချက်တွေကတော့ အကြမ်းဖက်မှုတွေ ကိုချက်ချင်းရပ်တန့်ဖို့ ၊ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် အပြုသဘောဆောင်ဆွေးနွေးဖို့ ၊ အာဆီယံအထူးကိုယ်စားလှယ်ကို သက်ဆိုင်သူအားလုံးနဲ့တွေ့ခွင့်ပြုဖို့အချက်တွေပါဝင်ပါတယ်။

ဒါပေမယ့် ဒီအချက်တွေကို စစ်ကောင်စီက အကောင်အထည်ဖော်တာမရှိတဲ့အခါ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မပြု ဖို့ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။