Connect with us

Hi, what are you looking for?

News

ကိုယ်တိုင်သဘောတူခဲ့တဲ့ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို စင်ကာပူနဲ့ ကမ္ဘောဒီးယားတိုက်တွန်း

အစောပိုင်းကာလတွေကတော့ အာဆီယံ အထူးကိုယ်စားလှယ် ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရက်အတိအကျအတည်ပြု ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

အာဆီယံ ဘုံသဘောတူညီချက်တွေကို အာဏာသိမ်းမြန်မာစစ်ကောင်စီ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဖို့အတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဒီနေ့မှာ ဖနွမ်းပင်မှာ တွေ့ဆုံလိုက်ကြပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖေ့ဘွတ်ခ်ကတဆင့်သတင်းထုတ်ပြန်ရာမှာ ဘုံသဘောတူညီချက် ၅ ချက်ကို ခပ်မြန်မြန်အကောင်အထည်ဖော်ဖို့ ၊ အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်အတွင်းမြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံခွင့်ရဖို့ အတွက်ပါ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟာ အာဆီယံ ရဲ့ အထူးကိုယ်စားလှယ်ဖြစ်ပါတယ်။

အစောပိုင်းကာလတွေကတော့ အာဆီယံ အထူးကိုယ်စားလှယ် ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရက်အတိအကျအတည်ပြု ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

အာဆီယံအဖွဲ့ကြီး ကို ဦးဆောင် တည်ထောင်ကြသူတွေဖြစ်တဲ့ အင်ဒိုနီးရှား ၊မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေဟာ စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် သဘောတူညီထားခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှုမရှိဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားကြပါတယ်။

မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ပြီးခဲ့တဲ့ နှစ် ဧပြီလအတွင်း မြန်မာ့ပြည်သူတွေအပြင်းအထန်ကန့်ကွက်နေတဲ့ ကြားက စစ်ကောင်စီခေါင်းဆောင် ကို တက်ခွင့်ပြုတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့ကြတာပါ။

အဲဒီအချက်တွေကတော့ အကြမ်းဖက်မှုတွေ ကိုချက်ချင်းရပ်တန့်ဖို့ ၊ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် အပြုသဘောဆောင်ဆွေးနွေးဖို့ ၊ အာဆီယံအထူးကိုယ်စားလှယ်ကို သက်ဆိုင်သူအားလုံးနဲ့တွေ့ခွင့်ပြုဖို့အချက်တွေပါဝင်ပါတယ်။

ဒါပေမယ့် ဒီအချက်တွေကို စစ်ကောင်စီက အကောင်အထည်ဖော်တာမရှိတဲ့အခါ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မပြု ဖို့ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။