Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲစစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုပိုလုပ်လာ

ဖာပွန်ခရိုင် တောင်သုံးလုံးနဲ့ ခွေးသေမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ ဖေဖေါ်ဝါရီ ၁၅ ရက် မနက်ပိုင်းက ကတိုင်တိကျေးရွာအုပ်စုအတွင်းရှိ လေးဖိုးထာနဲ့ ဖွေးထော်ရူကျေးရွာထဲကို လက်နက်ကြီးနဲ့နေ့စဉ်လိုလိုပစ်ခတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

People's Spring
People's Spring

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေပိုလုပ်လာနေပြီး ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင် တောင်သုံးလုံးနဲ့ ခွေးသေမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ ဖေဖေါ်ဝါရီ ၁၅ ရက် မနက်ပိုင်းက ကတိုင်တိကျေးရွာအုပ်စုအတွင်းရှိ လေးဖိုးထာနဲ့ ဖွေးထော်ရူကျေးရွာထဲကို လက်နက်ကြီးနဲ့နေ့စဉ်လိုလိုပစ်ခတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီ ၁၄ ရက်ကလည်း ဖာပွန်မြို့အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖာပွန်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ထူမောဒဲရွာထဲကို လက်နက်ကြီး ၂၃ လုံးပစ်ခတ်ခဲ့ပြီး ဒီလိုပစ်ခတ်မှုကြောင့် ဖာပွန်မြို့ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ က အိမ်ထောင်စု ၈ စုနဲ့ ရပ်ကွက် ၃ က ဒေသခံပြည်သူ ၈၀ နီးပါး ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးအကြောင်းပြပြီး ဝါးသိုခိုရွာအနီးက ကုန်းတစ်ခုကနေ လေးဖိုးထာရွာဘက်ကို လက်နက်ကြီးနဲ့ အချက် ၂၀ ခန့်အပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေရဲ့ ဥယျာဉ်ခြံမြေထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မူတြော်သတင်းစဉ်က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းက ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အပြည့်တင်ဆောင်လာတဲ့ ၆ ဘီးကား ၄ စီး၊ ၄ ဘီးကား ၄ စီး စုစုပေါင်း ၈ စီးဟာ ကတိုင်တိဘက်ကို ဦးတည်မောင်းနှင်သွားတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

Facebook