Connect with us

Hi, what are you looking for?

News

တကောင်းတောင်ခြေ နီကယ်စက်ရုံ ဓာတ်အားလိုင်း ဖောက်ခွဲခံရမှုမှာ စက်ရုံလုပ်သား နှစ်ဦး ဖမ်းခံထားရ

“အခုက တောထဲက PDFတွေနဲ့ အဆက်သွယ်ရှိတယ် ဒီဓာတ်အားလိုင်းဖောက်ခွဲမှုမှာပါတယ်ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့ စက်ရုံဝင်ထဲကိုဝင်ဖမ်းသွားတာပါ”လို့ ဖမ်းခံရသူ နှစ်ဦးရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

တကောင်းနီကယ်စက်ရုံကို သတ္တုရိုင်းမြေစာ ပေးပို့နေတဲ့ စက်ရုံ က ဓာတ်အားတိုင် သုံးတိုင် ဖောက်ခွဲဖျက်ဆီးခံရတာနဲ့ပတ်သက် ဒေသခံ လုပ်သား နှစ်ဦးဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

ဓာတ်အားလိုင်းတွေ ဖောက်ခွဲခံရပြီးတဲ့နောက် စက်ရုံထဲက လုပ်သား နှစ်ဦးကို စစ်ကောင်စီ ဟာ ဖမ်းဆီးလိုက်ပြီး ထီးချိုင့်မှာ ချုပ်ထားတယ်လို့ ကာယကံရှင်မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပြပါတယ်။

“အခုက တောထဲက PDFတွေနဲ့ အဆက်သွယ်ရှိတယ် ဒီဓာတ်အားလိုင်းဖောက်ခွဲမှုမှာပါတယ်ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့ စက်ရုံဝင်ထဲကိုဝင်ဖမ်းသွားတာပါ”လို့ ဖမ်းခံရသူ နှစ်ဦးရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

တကောင်းနီကယ်စက်ရုံဟာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲမှာတည်ရှိတာပါ။ အဲဒီစက်ရုံအတွက် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ တကောင်းတောင်ကနေ နီကယ်သတ္တုရိုင်းမြေစာတွေကို နေ့စဉ်ပိုက်လိုင်းနဲ့ပေးပို့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မြေစာပေးပို့ရာမှာ တကောင်းတောင် တောင်ခြေမှာရှိတဲ့ စက်ရုံကနေ ပိုက်လိုင်းနဲ့ပေးပို့တာပါ။

ဇန်နဝါရီလဆန်းပိုင်းကတော့တကောင်းတောင်ခြေစက်ရုံကို သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဓာတ်အားလိုင်းဖောက်ခွဲတာကို Special.9-HPDF နဲ့ Fox Army-HPDFတို့က ပူးပေါင်းပြီး ဖျက်ဆီးဖောက်ခွဲ ခဲ့တယ်လို့ Fox Army- HPDF ကထုတ်ပြန်ထားတာရှိပါတယ်။

နီကယ်စက်ရုံတာဝန်ရှိသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စက်ရုံအတွင်းလက်ခံတာ၊ ဧည့်ခံကျွေးမွေးတာ၊ အားပေးအားမြှောက် လုပ်တာတွေကြောင့် သတိပေးတဲ့အနေလုပ်ဆောင်ခဲ့တာလို့ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းဖက်က ဓာတ်အားလိုင်းတွေနဲ့ ဆက်သွယ်ရေး လိုင်းတွေကို​သောင်ရင်း မြစ်ကိုဖြစ်ပြီ တရားမဝင် ခိုးချိတ်ပြီး မြန်မာဖက်ကို သွယ်တန်းဖို့ ကြိုးစားခဲ့သူ တစ်ဦးကို ထိုင်းရဲတွေက နယ်စပ်မှာ ဖမ်းဆီးခဲ့ပါတယ်။

သတင်း

စက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။