Connect with us

Hi, what are you looking for?

News

KNUတပ်မဟာ(၅)နယ်မြေ နေရာသုံးခုကို စစ်ကောင်စီတပ် လေကြောင်းမှ လာရောက်ဗုံးကြဲ

ယနေ့ နံနက်က အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယဉ်ဖြင့်လာရောက်ပစ်ခတ်ကြဲချရာတွင် အပြစ်မဲ့ပြည်သူများ၏ လုပ်ကိုင်စားသောက်ရာ လယ်ယာ၊ ခြံမြေများအတွင်းသို့ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူများ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရရှိမှုမရှိဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတိုက်လေယာဉ်များ မူတြော်(ဖာပွန်)ခရိုင်ရှိ နေရာသုံးနေရာသို့ ယမန်နေ့ည သန်းခေါင်းယံအချိန်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ထုတ်ပြန် သည်။

ယနေ့(ဖေဖော်ဝါရီ၁၈) နံနက်အစောပိုင်းတွင်အကြမ်း ဖက်စစ်ကောင်စီ၏ တိုက်လေယဉ်(၃)စီးသည် ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာသို့(၂)လုံး၊ မထောကျေးရွာ အုပ်စု၊ တဒွီးခိုကျေးရွာသို့(၂)လုံးနှင့်မထောကျေးရွာ အုပ်စု၊ လယ်ဓီထာကျေးရွာသို့(၂)လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ နံနက်က အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယဉ်ဖြင့်လာရောက်ပစ်ခတ်ကြဲချရာတွင် အပြစ်မဲ့ပြည်သူများ၏ လုပ်ကိုင်စားသောက်ရာ လယ်ယာ၊ ခြံမြေများအတွင်းသို့ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူများ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရရှိမှုမရှိဟု ဆိုသည်။

ယခင်ကလည်း KNU တပ်မဟာ(၅)နယ်မြေသို့ ညသန်း ခေါင်ယံအချိန်တွင် ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံး၊ ဒဏ်ရာရမှုနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။