Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံ မန္တလေးသပိတ်မှလူငယ်များ ၁၀ရက်ကြာအထိ မိသားစုနှင့်အဆက်သွယ် မရသေး

အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြသူများအား အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက်သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒထုတ်ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်နေသလို စစ်တပ်ထုတ်ကုန်များကိုလည်း သပိတ်မှောက်နေကြသည်။

အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသည့် မန္တလေးသပိတ်မှ လူငယ်နှစ်ဦးနှင့် အလွတ်တန်းသတင်းထောက်နှစ်ဦးတို့ ၁၀ရက်ကြာအထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီခွဲဝန်းကျင်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး သပိတ်မှ ကိုသူရအောင်၊ ကိုရဲဇင်ထွန်း(ခ)ကိုဖိုးလုံးနှင့် အလွတ်တန်းသတင်းထောက် ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင်တို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံလူငယ်လေးဦးကို လက်ရှိချိန်ထိ မည်သည့်နေရာ၌ ဖမ်းဆီးထိန်းသိမ်း ထားသည်ကိုလည်း မသိရှိရသေးကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးနှင့်အသက်အန္တရာယ်ကို မိသားစုဝင်များအနေဖြင့် လွန်စွာစိုးရိမ်ပူပန်နေလျှက်ရှိကြောင်း မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်သည်။

” သူတို့အားလုံးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံရချိန်ထိ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်လှတဲ့ လူငယ်များ ဖြစ်ကြပါတယ်။ ဒီလူငယ်များ အနေနဲ့ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်း နှိပ်စက်မှုများကြောင့် အသက်အန္တရာယ်ထိခိုက်နစ်နာမှုတွေခံရမှာကို အလွန်ပဲ စိုးရိမ်နေ ကြပါတယ်။ အဖမ်းဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စု အနေနဲ့ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ပြီး ဒီရဲဘော်များရဲ့ မိသားစုဝင်များကလည်း သူတို့နဲ့ အမြန်ဆုံးအဆက်အသွယ်ရရှိဖို့ တောင်းဆိုမျှော်လင့်နေကြပါတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြသူများအား အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက်သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒထုတ်ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်နေသလို စစ်တပ်ထုတ်ကုန်များကိုလည်း သပိတ်မှောက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။