Connect with us

Hi, what are you looking for?

News

ဒီပဲယင်းနယ်က ကျေးရွာသုံးရွာထက်မနည်းကို စစ်ကောင်စီတပ် ဝင်ရောက် သောင်းကြမ်း

“ဒီပဲယင်းမြို့အနီးနားကရွာတွေကို မီးရှို့သွားပါတယ်။ အိမ်တွေကို မွှေနှောက်ပြီး တော့ ပစ္စည်းတွေပါ ခိုးယူသွားကြတယ်”ဟု Free Rangers-Depeyin မှ ရဲဘော်တစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင်း ယနေ့(ဖေဖော်ဝါရီ ၁၉)တစ်ရက်တည်း ကျေးရွာသုံးရွာ ထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်သောင်းကြမ်းဖျက်ဆီး သွားကြောင်း ဒီပဲယင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးခံရသည့် ကျေးရွာများတွင် ရွာသစ်၊ ပဝါနှင့် ယင်းတွေကျေးရွာတို့ဖြစ်ပြီး နေအိမ်အချို့မီးဖျက်ဆီးခံရသည့်အပြင် နေအိမ်ဖောက်ထွင်း၍ အတွင်းပစ္စည်းများ ခိုးယူမှုလည်းရှိကြောင်း ၎င်းတပ်ဖွဲ့ဝင် များက ပြောသည်။

“ဒီပဲယင်းမြို့အနီးနားကရွာတွေကို မီးရှို့သွားပါတယ်။ အိမ်တွေကို မွှေနှောက်ပြီး တော့ ပစ္စည်းတွေပါ ခိုးယူသွားကြတယ်”ဟု Free Rangers-Depeyin မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့နံနက် ၉ နာရီခန့်က ဒီပဲယင်းမြို့နှင့် တစ်မိုင် ပတ်လည်ခန့်သာဝေးသည့် အထက်ပါကျေးရွာသုံး ရွာအား ဝင်ရောက်သောင်းကြမ်း ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းရင်းညီနောင်များအဖွဲ့၏ ပြောဆိုချက်များအရ လက်ရှိအခြေအနေတွင် ဒီပဲယင်း မြို့နယ်အတွင်း တိုက်ပွဲကြီးကြီးမားမားမရှိသေးသော်လည်း စစ်ကောင်စီဘက်မှ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။