Connect with us

Hi, what are you looking for?

News

စေတုတ္တရာနှင့် ငဖဲမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှင့်ဒလန်များ လကုန်မှစ၍ တာဝန်များမှ နုတ်ထွက်ရန် PRA သတိပေး

PRA နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇန်နဝါရီတွင် စေတုတ္တရာ မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်။

မကွေးတိုင်း စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီကို အားပေးထောက်ခံသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်များ အနေဖြင့် ယခုလဖေဖော်ဝါရီ ၂၈ရက် နောက်ဆုံးထား၍ ထမ်းဆောင်ဆဲ တာဝန်များမှနှုတ်ထွက်ရမည်ဟု လူထုတော်လှန်ရေးမဟာမိတ်(PRA)က ယနေ့ ထုတ်ပြန်လိုက်သည်။

သတ်မှတ်ရက်အတွင်း နှုတ်ထွက်ရန် ပျက်ကွက်သူများကို လူထုတော်လှန်ရေး ဆူးညှောင့် ခလုတ်များဟု မှတ်ယူကာ အမြစ်ဖြတ်သုတ်သင်သွားမည်ဟုလည်း သတိပေးခဲ့သည်။

PRA နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇန်နဝါရီတွင် စေတုတ္တရာ မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးမြို့ကနေ စစ်ကားအစီး ၅၀ ခန့်ပါတဲ့ တပ်မ(၉၉) ယာဉ်တန်းဟာ လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ဦးတည်လာနေပြီး ချင်းပြည်နယ်တောင်ကို စစ်ကူပို့မယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။