Connect with us

Hi, what are you looking for?

News

သာကေတ စစ်ဆင်ရေး စစ်ကောင်စီတပ်သား လေးဦးဒဏ်ရာရပြီး နှစ်ဦးသေနိုင်ဟု WWSTF ပြော

သာကေတ(၇)ဈေးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားထားသည်။

(သာကေတ(၇)ဈေး မီးလောင်မှုဖြစ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ဇွဲရန်နိုင်)

သာကေတမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး၌ စစ်ကောင်စီတပ်ဖွဲ့ ဝင်လေးဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးနိုင်ကြောင်း Wolf Warriors STF(WWSTF)က ထုတ်ပြန်သည်။

WWSTF အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁၉ နေ့လယ် ၁၂ နာရီခန့်တွင် ကင်းလှည့်နေသည့်စစ်ကောင်စီတပ်သားများ၏ ကားကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်းတွင် စစ်ကောင်စီတပ်စွဲထားသည့် သာကေတဘောလုံးကွင်းကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်။

“စစ်ကောင်စီဘက်မှ လေးဦး ထိမှန်ဒဏ်ရာရ၍ နှစ်ဦး သေဆုံးဖွယ်ရှိသည်ဟု တပ်အရင်းအမြစ်မှ ကနဦး သတင်းရရှိသည်”ဟု WWSTF အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါလုပ်ဆောင်ချက်သည် တောင်ပိုင်းတိုင်းစစ်ကွပ်ကဲရေးအဖွဲ့ ပျံလွှားအောင်စစ်ဆင်ရေး၏တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ဖက်ဆစ်စစ်တပ်အား ထောက်တိုင်သဖွယ်အထောက်အကူပြုနေကြသော ဒလံ၊ ဖက်ဆစ်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ၊ စခ၊ရခ များကို ပြည်သူ့ရင်ခွင်မခိုလှုံမပူးပေါင်းသေးသည့် ကာလပတ်လုံး တစ်တိုင်း တစ်ပြည်လုံးရှိ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တရားသောစစ် ဆက်လက်ဆင်နွှဲနေ မည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်ဟု ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် သာကေတ(၇)ဈေးမီးလောင်မှုမှာ ၎င်းတို့၏စစ်ဆင်ရေးနှင့် သက်ဆိုင်မှုမရှိကြောင်း နှင့် ပြည်သူပိုင် ပစ္စည်းများ ဆုံးရှုံးရသည့်အပေါ် စိတ်မကောင်းကြောင်း WWSTF အဖွဲ့က ဆိုသည်။

သာကေတ(၇)ဈေးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်