Connect with us

Hi, what are you looking for?

LuduNwayOo

News

သာကေတ စစ်ဆင်ရေး စစ်ကောင်စီတပ်သား လေးဦးဒဏ်ရာရပြီး နှစ်ဦးသေနိုင်ဟု WWSTF ပြော

သာကေတ(၇)ဈေးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားထားသည်။

(သာကေတ(၇)ဈေး မီးလောင်မှုဖြစ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ဇွဲရန်နိုင်)

သာကေတမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး၌ စစ်ကောင်စီတပ်ဖွဲ့ ဝင်လေးဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးနိုင်ကြောင်း Wolf Warriors STF(WWSTF)က ထုတ်ပြန်သည်။

WWSTF အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁၉ နေ့လယ် ၁၂ နာရီခန့်တွင် ကင်းလှည့်နေသည့်စစ်ကောင်စီတပ်သားများ၏ ကားကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်းတွင် စစ်ကောင်စီတပ်စွဲထားသည့် သာကေတဘောလုံးကွင်းကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်။

“စစ်ကောင်စီဘက်မှ လေးဦး ထိမှန်ဒဏ်ရာရ၍ နှစ်ဦး သေဆုံးဖွယ်ရှိသည်ဟု တပ်အရင်းအမြစ်မှ ကနဦး သတင်းရရှိသည်”ဟု WWSTF အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါလုပ်ဆောင်ချက်သည် တောင်ပိုင်းတိုင်းစစ်ကွပ်ကဲရေးအဖွဲ့ ပျံလွှားအောင်စစ်ဆင်ရေး၏တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ဖက်ဆစ်စစ်တပ်အား ထောက်တိုင်သဖွယ်အထောက်အကူပြုနေကြသော ဒလံ၊ ဖက်ဆစ်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ၊ စခ၊ရခ များကို ပြည်သူ့ရင်ခွင်မခိုလှုံမပူးပေါင်းသေးသည့် ကာလပတ်လုံး တစ်တိုင်း တစ်ပြည်လုံးရှိ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တရားသောစစ် ဆက်လက်ဆင်နွှဲနေ မည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်ဟု ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် သာကေတ(၇)ဈေးမီးလောင်မှုမှာ ၎င်းတို့၏စစ်ဆင်ရေးနှင့် သက်ဆိုင်မှုမရှိကြောင်း နှင့် ပြည်သူပိုင် ပစ္စည်းများ ဆုံးရှုံးရသည့်အပေါ် စိတ်မကောင်းကြောင်း WWSTF အဖွဲ့က ဆိုသည်။

သာကေတ(၇)ဈေးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။