Connect with us

Hi, what are you looking for?

News

မြင်းမူနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရ၍ ရဲဘော်နှစ်ဦး ကျဆုံးပြီး ၁၀ဦး ဖမ်းဆီးခံရ

တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကာ အမျိုးသားသုံးဦးနှင့် အမျိုးသမီး ခုနှစ်ဦး ဖမ်းဆီးခံရပြီး လက်လုပ်သေနတ်များအပါအဝင် ဆက်စပ်ပစ္စည်းများပါ သိမ်းဆည်း ခံခဲ့ရသည်။

(မြင်းမူနယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုမှ ဖမ်းဆီးခံရသည့် ရဲဘော်များနှင့် သိမ်းဆည်းခံရသည့် လက်လုပ်သေနတ်များကို တွေ့ရစဥ်)

ခင်ဦးနယ်တိုက်ပွဲတွင်လည်း ဒေသခံကာကွယ်ရေးတပ်မှ ရဲဘော်ငါးဦးကျဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စံဒင်ကင်းကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စခန်းတစ်ခု စီးနင်းခံရ၍ ရဲဘော်နှစ်ဦးကျဆုံးပြီး ၁၀ဦးဖမ်းဆီးခံခဲ့ရမှု ဖြစ်စဥ် ယနေ့ဖြစ်ပွားခဲ့သည်။

ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်)နံနက် ၇နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် စံဒင်ကင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

(မြင်းမူနယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုမှ ဖမ်းဆီးခံရသည့် ရဲဘော်များနှင့် သိမ်းဆည်းခံရသည့် လက်လုပ်သေနတ်များကို တွေ့ရစဥ်)

တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကာ အမျိုးသားသုံးဦးနှင့် အမျိုးသမီး ခုနှစ်ဦး ဖမ်းဆီးခံရပြီး လက်လုပ်သေနတ်များအပါအဝင် ဆက်စပ်ပစ္စည်းများပါ သိမ်းဆည်း ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းခွဲတစ်ခုလို့ လောလောဆယ် သိရတယ်။ကျန်တဲ့အပိုင်းတော့ သူတို့ သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ပေး ပါလိမ့်မယ်ဗျ”ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အလားတူ ယနေ့(ဖေဖော်ဝါရီ၂၀ ရက်) နံနက် ၆နာရီ ၃ဝမိနစ်ခန့်က ခင်ဦးမြို့နယ် သရက်ကန် ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်ငါးဦး ကျဆုံးခဲ့ရသည်။

(မြင်းမူနယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုမှ ဖမ်းဆီးခံရသည့် ရဲဘော်များနှင့် သိမ်းဆည်းခံရသည့် လက်လုပ်သေနတ်များကို တွေ့ရစဥ်)

အဆိုပါ ကျဆုံးခဲ့သော PDF ရဲဘော်များသည် စစ်ကောင်စီကို တွန်းလှန် တိုက်ခိုက်ရန် ကျေးရွာ အလိုက်ဖွဲ့စည်းထားသော ဒေသအဖွဲ့ အစည်းငယ်များမှ ရဲဘော်များဖြစ်သည်။

ဖေဖော်ဝါရီ ၁၇ရက်ကလည်း ခင်ဦးမြို့နယ် ကံကြီးကုန်းနှင့် မြို့သစ်ရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှခြင်းကြောင့် PDF ရဲဘော် ၁၄ဦး ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။