Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ အကောက်ခွန်ရုံးကို KNLA ဝင်ရောက်ဖျက်ဆီး

အဲဒီ အကောက်ခွန်ရုံးဟာ ဒေသခံပြည်သူတွေရဲ့ ချွေးနဲစာကို အတင်းအဓမ္မကောက်ယူနေတဲ့ အကောက်ခွန်ရုံးတစ်ရုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

People's Spring
People's Spring

ဖာပွန်မြို့ အနောက်ဘက်ကမ်းရှိ စစ်ကောင်စီရဲ့အကောက်ခွန်ရုံးတစ်ရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၂၁ ရက်မနက်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

အဲဒီ အကောက်ခွန်ရုံးဟာ ဒေသခံပြည်သူတွေရဲ့ ချွေးနဲစာကို အတင်းအဓမ္မကောက်ယူနေတဲ့ အကောက်ခွန်ရုံးတစ်ရုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါ့အပြင် ဖေဖေါ်ဝါရီ ၂၀ ရက် မနက် ၈ နာရီခွဲအချိန်က တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေက ကဟီးကျိုးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဆေးတပ်သားတစ်ဦးသေဆုံးခဲ့ပြီး အဲ့ဒီနေ့ မနက် ၉ နာရီကျော်အချိန်က မဲပုခီး ညာတဃိုကျိုးနဲ့ မဲဝိုင်မှာ တစ်ကြိမ်စီ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၁၉ ရက် မနက် ၉ နာရီကျော်အချိန်ကလည်း ဖာပွန်မြို့ အနောက်ဘက်ကမ်းမှ စစ်ကောင်စီက လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူလူထုနေအိမ် ၃ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။