Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှေ့တန်းရဲဘော်များအား ဆေးကုသပေးရင်း ကျဆုံးခဲ့သည့် ဒေါက်တာအောင်ကြီး ရုပ်အလောင်း သုံးရက်အကြာတွင် ကောက်ယူနိုင်ခဲ့

ရုပ်အလောင်းအား သယ်ဆောင်ပေးသော မိုးဗြဲ PDF တော်လှန်ရေးရဲဘော်များအား KDFအဖွဲ့ ကိုယ်စား ကျေးဇူးတင်သည်ဟု ဖော်ပြထားသည်။

မိုးဗြဲတိုက်ပွဲ၌ ရှေ့တန်းရဲဘော်များအား ဆေးကုသမှုပေးရင်း တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)အဖွဲ့ဝင် ဒေါက်တာအောင်ကြီး၏ ရုပ်အလောင်းကို သုံးရက်အကြာတွင် ပြန်လည်ကောက်ယူနိုင်ခဲ့သည်ဟု KDFက ထုတ်ပြန်သည်။

ဒေါက်တာအောင်ကြီးသည် ဖေဖဝါရီ ၁၈ရက်က မိုးဗြဲ တိုက်ပွဲအတွင်း တော်လှန်ရေးဒဏ်ရာရ ရဲဘော်များအား ဆေးကုသမူပေးနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ကျဆုံးခဲ့ရာ ရုပ်အလောင်းကို သုံးရက်အကြာတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ အခက်အခဲများကြားမှ ကြိုးစား၍ ပြန်လည် သယ်ဆောင်ပေးလာခြင်းဖြစ်သည်ဟု ဆိုသည်။

ရုပ်အလောင်းအား သယ်ဆောင်ပေးသော မိုးဗြဲ PDF တော်လှန်ရေးရဲဘော်များအား KDFအဖွဲ့ ကိုယ်စား ကျေးဇူးတင်သည်ဟု ဖော်ပြထားသည်။

ဒေါက်တာအောင်ကြီး၏ ရုပ်အလောင်းကို မိသားစုဝင်များ၏ တောင်းဆိုချက်အရ ဖေဖော်ဝါရီ ၂၁ရက် နေ့လယ်ပိုင်းတွင် မီးသဂြိုလ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KDF ဆေးအဖွဲ့ဝင်ဖြစ်သော ဒေါက်တာအောင်ကြီး(ခ)စွမ်းထက်အောင် ဆုံးရှုံးခဲ့ရသောကြောင့် KDF အဖွဲ့သားများမှများစွာဝမ်းနည်းကြောင်းနှင့် ကျဆုံးသွားသော ဒေါက်တာအောင်ကြီးအား အာဇာနည် သူရဲကောင်းအဖြစ် အစဥ်ထာဝရအသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းအား တိုက်ပွဲအခြေအနေကြောင့် ချက်ချင်းမကောက်ယူနိုင်သည့်တိုင် အခြေအနေပေးသည့် အချိန်၌ ပြန် လည်ကောက်ယူကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

တစ်ဖက်တွင်လည်း နမ့်ဖက်ကာတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေ၍ စစ်ရှောင်နေသည့် ပြည်သူများ နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် KIAက အသိပေးတိုက်တွန်းထားသည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။