Connect with us

Hi, what are you looking for?

News

ရှေ့တန်းရဲဘော်များအား ဆေးကုသပေးရင်း ကျဆုံးခဲ့သည့် ဒေါက်တာအောင်ကြီး ရုပ်အလောင်း သုံးရက်အကြာတွင် ကောက်ယူနိုင်ခဲ့

ရုပ်အလောင်းအား သယ်ဆောင်ပေးသော မိုးဗြဲ PDF တော်လှန်ရေးရဲဘော်များအား KDFအဖွဲ့ ကိုယ်စား ကျေးဇူးတင်သည်ဟု ဖော်ပြထားသည်။

မိုးဗြဲတိုက်ပွဲ၌ ရှေ့တန်းရဲဘော်များအား ဆေးကုသမှုပေးရင်း တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)အဖွဲ့ဝင် ဒေါက်တာအောင်ကြီး၏ ရုပ်အလောင်းကို သုံးရက်အကြာတွင် ပြန်လည်ကောက်ယူနိုင်ခဲ့သည်ဟု KDFက ထုတ်ပြန်သည်။

ဒေါက်တာအောင်ကြီးသည် ဖေဖဝါရီ ၁၈ရက်က မိုးဗြဲ တိုက်ပွဲအတွင်း တော်လှန်ရေးဒဏ်ရာရ ရဲဘော်များအား ဆေးကုသမူပေးနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ကျဆုံးခဲ့ရာ ရုပ်အလောင်းကို သုံးရက်အကြာတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ အခက်အခဲများကြားမှ ကြိုးစား၍ ပြန်လည် သယ်ဆောင်ပေးလာခြင်းဖြစ်သည်ဟု ဆိုသည်။

ရုပ်အလောင်းအား သယ်ဆောင်ပေးသော မိုးဗြဲ PDF တော်လှန်ရေးရဲဘော်များအား KDFအဖွဲ့ ကိုယ်စား ကျေးဇူးတင်သည်ဟု ဖော်ပြထားသည်။

ဒေါက်တာအောင်ကြီး၏ ရုပ်အလောင်းကို မိသားစုဝင်များ၏ တောင်းဆိုချက်အရ ဖေဖော်ဝါရီ ၂၁ရက် နေ့လယ်ပိုင်းတွင် မီးသဂြိုလ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KDF ဆေးအဖွဲ့ဝင်ဖြစ်သော ဒေါက်တာအောင်ကြီး(ခ)စွမ်းထက်အောင် ဆုံးရှုံးခဲ့ရသောကြောင့် KDF အဖွဲ့သားများမှများစွာဝမ်းနည်းကြောင်းနှင့် ကျဆုံးသွားသော ဒေါက်တာအောင်ကြီးအား အာဇာနည် သူရဲကောင်းအဖြစ် အစဥ်ထာဝရအသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းအား တိုက်ပွဲအခြေအနေကြောင့် ချက်ချင်းမကောက်ယူနိုင်သည့်တိုင် အခြေအနေပေးသည့် အချိန်၌ ပြန် လည်ကောက်ယူကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။