Connect with us

Hi, what are you looking for?

News

ရွှေပြည်သာမြို့နယ်ခန်းမ တပ်စွဲထား​သော စစ်​ကောင်စီတပ် အသံဗုံး​ဖောက်ခွဲ သတိ​ပေးခံရ

“သေနတ်ကိုင်ပြီးထွက်ပြေးကြတာတော့ လူမြင်လို့မကောင်းဘူး ဟိုဘက်ရပ်ကွက်ထိပါ ရောက်တယ်”ဟု ၎င်းက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီများ တပ်စွဲထားသည့် မြို့နယ်ခန်းမအတွင်းသို့ အသံဗုံးဖောက်ခွဲခဲ့ကြောင်း MSI Youth Defence Forces (MSIYDF) အဖွဲ့က ပြောသည်။

“ဒီနေ့ (ဖေဖော်ဝါရီ ၂၁)ည ၁၁နာရီမှာ ရွှေပြည်သာ ဘုရင့်နောင်လမ်းမှာရှိတဲ့ မြို့နယ်ခန်းမထဲသို့ အသံဗုံးတစ်လုံးပစ်သွင်းခဲ့ပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်သားများတပ်စွဲကာ ဆိုင်ကယ်များကိုလည်းသိမ်းဆည်းထားရာနေရာဖြစ်ပါသည်”ဟု MSIYDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အသံဗုံးဖြစ်သောကြောင့် ထိခိုက်မှုမရှိသော်လည်း အိပ်ချိန်ဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီ ဝင်များ လက်နက်များကိုလွယ်၍ ကြောက်လန့်ထွက်ပြေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“သေနတ်ကိုင်ပြီးထွက်ပြေးကြတာတော့ လူမြင်လို့မကောင်းဘူး ဟိုဘက်ရပ်ကွက်ထိပါ ရောက်တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

MSIYDF အဖွဲ့အနေဖြင့် မရမ်းကုန်းမြို့နယ်အတွင်း လုယက်မှုကျူးလွန်နေသူများကိုလည်း အပြစ်ပေးမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။