Connect with us

Hi, what are you looking for?

News

ဖယ်ခုံတွင် စစ်ကောင်စီတပ်စွဲရာနေရာနှစ်ခု တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၂၂ရက် နံနက် ၆နာရီတွင် ဖယ်ခုံ PDFနှင့် မဟာမိတ်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊နည်းပညာလက်ရုံးတပ်တို့၏အကူအညီဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

▪️စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်သုံးလက်ရဟု PDF ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင်နှင့် ကုန်းဆုံဘုရားတောင်တို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ နံနက်ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက် သုံးလက်နှင့် ခဲယမ်းအချို့ရရှိခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၂ရက် နံနက် ၆နာရီတွင် ဖယ်ခုံ PDFနှင့် မဟာမိတ်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊နည်းပညာလက်ရုံးတပ်တို့၏အကူအညီဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲကြာချိန် ၁နာရီနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငါးဦးထက်မကသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း BA 100 တစ်လက် ၊MA 2 တစ်လက်၊MA3 တစ်လက်၊ ကျည်အချို့နှင့်စစ်သုံးပစ္စည်း အနည်းငယ်ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံPDFက ရဲဘော် သုံးဦးဒဏ်ရာရပြီး တစ်ဦးမှာစိုးရိမ်ရသည့်အခြေအနေရှိ၍ ဆေးကုသမှုခံယူနေကြောင်း ဖော်ပြထားသည်။

ဖယ်ခုံPDFနှင့်တိုက်ပွဲဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်မှာ တပ်မ (၅၅)လက်အောက်ခံ ကလောအခြေစိုက် ခလရ -၇ ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။