Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံတွင် စစ်ကောင်စီတပ်စွဲရာနေရာနှစ်ခု တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၂၂ရက် နံနက် ၆နာရီတွင် ဖယ်ခုံ PDFနှင့် မဟာမိတ်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊နည်းပညာလက်ရုံးတပ်တို့၏အကူအညီဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

▪️စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်သုံးလက်ရဟု PDF ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင်နှင့် ကုန်းဆုံဘုရားတောင်တို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ နံနက်ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက် သုံးလက်နှင့် ခဲယမ်းအချို့ရရှိခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၂ရက် နံနက် ၆နာရီတွင် ဖယ်ခုံ PDFနှင့် မဟာမိတ်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊နည်းပညာလက်ရုံးတပ်တို့၏အကူအညီဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲကြာချိန် ၁နာရီနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငါးဦးထက်မကသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း BA 100 တစ်လက် ၊MA 2 တစ်လက်၊MA3 တစ်လက်၊ ကျည်အချို့နှင့်စစ်သုံးပစ္စည်း အနည်းငယ်ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံPDFက ရဲဘော် သုံးဦးဒဏ်ရာရပြီး တစ်ဦးမှာစိုးရိမ်ရသည့်အခြေအနေရှိ၍ ဆေးကုသမှုခံယူနေကြောင်း ဖော်ပြထားသည်။

ဖယ်ခုံPDFနှင့်တိုက်ပွဲဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်မှာ တပ်မ (၅၅)လက်အောက်ခံ ကလောအခြေစိုက် ခလရ -၇ ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။