၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ရဲ့ ရန်ကုန်က နေအိမ် တိုက်ခန်းကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် ၊ ဝေဇယန္တာလမ်းမှာရှိတဲ့ တိုက်ခန်းကို စစ်ကောင်စီက ချိတ်ပိတ်တာပါ။
စစ်ကောင်စီဟာ ဦးမင်းကိုနိုင်ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာတင် ဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
လက်ရှိမှာတော့ ဦးမင်းကိုနိုင်ဟာ တော်လှန်ရေးမှာ ဦးဆောင်မှုပေးနေတဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)မှာ ပါဝင်ကူညီနေတာဖြစ်ပါတယ်။
ဒီရက်ပိုင်းတွေမှာ စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်သူတွေရဲ့ နေအိမ်တွေကို ဆက်တိုက်ဆိုသလို ချိတ်ပိတ်တာတွေလုပ်ဆောင်နေတာပါ။
