Connect with us

Hi, what are you looking for?

LuduNwayOo

News

ချောက်မြို့၌ ကလေးငယ် ၂၀ခန့်ကို ဖမ်းဆီးနှိပ်စက်မှု အကြမ်းဖက်စစ်တပ် တာဝန်ယူ၊ တာဝန်ခံရမည်ဟု မကွေးလူထုတိုက်ပွဲကော်မတီ ထုတ်ပြန်

အခြေခံပညာကျောင်းသားအချို့သည် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာသားများ ပါဝင်သော စာရွက်များ ကပ်သည့် လှုပ်ရှားမှုတစ်ရပ်ကို ငြိမ်းချမ်းစွာ ပြုလုပ်စဉ် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

(​ချောက်မြို့​​ဒေသခံများ စစ်အာဏာရှင်ဆန့်ကျင်​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ၂၀၂၁​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်)

မကွေးတိုင်း၊ ချောက်မြို့၌ အသက်မပြည့်သေးသည့် ကလေးငယ်များကို အကြမ်းဖက်စစ်တပ်ကအဓမ္မဖမ်းဆီးပြီး လူမဆန်စွာ အကြမ်းဖက် နှိပ်စက်နေမှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ကြောင်း မကွေးလူထုတိုက်ပွဲကော်မတီက ယနေ့ထုတ်ပြန်သတိပေးသည်။

အခြေခံပညာကျောင်းသားအချို့သည် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာသားများ ပါဝင်သော စာရွက်များ ကပ်သည့် လှုပ်ရှားမှုတစ်ရပ်ကို ငြိမ်းချမ်းစွာ ပြုလုပ်စဉ် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံလိုက်ရသည့် ကလေးငယ်များကို အကြမ်းဖက် စစ်အုပ်စု နှိပ်စက်ပြီး အဆိုပါ ကလေးငယ်များ၏ သူငယ်ချင်း ကျောင်းသား/သူလေးများကိုပါ ဆက်လက်၍ အဓမ္မ ဖမ်းဆီးခဲ့ရာ အမျိုးသမီးငယ် ၅ ဦးအပါအဝင် စုစုပေါင်း ကလေးငယ် ၂၀ ခန့်ပါဝင်ကြောင်း မကွေးလူထုတိုက်ပွဲ ကော်မတီက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ အဆိုပါလုပ်ရပ်များသည် ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ထပ်မံချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အသက်မပြည့်သေးသည့် ကလေးငယ်များကို အကြမ်းဖက် စစ်အုပ်စုက အမျိုးသား လိင်အင်္ဂါကို ဆေးလိပ်မီးဖြင့် ထိုး၍စစ်ဆေးခြင်း အပါအဝင် လူမဆန်သော ယုတ်မာရက်စက်သည့် စစ်ကြောနည်းမျိုးစုံဖြင့် စစ်ဆေးနေကြောင်းကိုလည်း ကြားသိရသည်ဟု မကွေးလူထုတိုက်ပွဲကော်မတီက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသည့် ကလေးငယ်များမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်လှသည့် ကလေးငယ်များ ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စု၏ လူမဆန်စွာ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် ၎င်းတို့၏ အသက်အန္တရာယ် ထိခိုက်နစ်နာမှုများ ခံရမည်ကို အလွန် စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ဆိုသည်။

အဆိုပါ ကလေးငယ်များ အပါအဝင် ဖမ်းဆီးခံထားရသော ကျောင်းသားပြည်သူများ၏ လွတ်မြောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မကွေးလူထုတိုက်ပွဲကော်မတီက ဆက်လက် အားထုတ်ကြိုးစားသွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA၊AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကမတ်လ ၇ရက်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး မတ်လ ၈ရက်မှစ၍လေဆိပ်အား စစ်ကောင်စီကပိတ်ပစ်ခဲ့သည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

နိုင်ငံတကာ

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။

သတင်း

ဆရာတော်အား စစ်ကောင်စီက မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း၊ ဆရာတော်သည် အာဏာသိမ်းကာလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။