Connect with us

Hi, what are you looking for?

News

ချောက်မြို့၌ ကလေးငယ် ၂၀ခန့်ကို ဖမ်းဆီးနှိပ်စက်မှု အကြမ်းဖက်စစ်တပ် တာဝန်ယူ၊ တာဝန်ခံရမည်ဟု မကွေးလူထုတိုက်ပွဲကော်မတီ ထုတ်ပြန်

အခြေခံပညာကျောင်းသားအချို့သည် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာသားများ ပါဝင်သော စာရွက်များ ကပ်သည့် လှုပ်ရှားမှုတစ်ရပ်ကို ငြိမ်းချမ်းစွာ ပြုလုပ်စဉ် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

(​ချောက်မြို့​​ဒေသခံများ စစ်အာဏာရှင်ဆန့်ကျင်​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ၂၀၂၁​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်)

မကွေးတိုင်း၊ ချောက်မြို့၌ အသက်မပြည့်သေးသည့် ကလေးငယ်များကို အကြမ်းဖက်စစ်တပ်ကအဓမ္မဖမ်းဆီးပြီး လူမဆန်စွာ အကြမ်းဖက် နှိပ်စက်နေမှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ကြောင်း မကွေးလူထုတိုက်ပွဲကော်မတီက ယနေ့ထုတ်ပြန်သတိပေးသည်။

အခြေခံပညာကျောင်းသားအချို့သည် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာသားများ ပါဝင်သော စာရွက်များ ကပ်သည့် လှုပ်ရှားမှုတစ်ရပ်ကို ငြိမ်းချမ်းစွာ ပြုလုပ်စဉ် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံလိုက်ရသည့် ကလေးငယ်များကို အကြမ်းဖက် စစ်အုပ်စု နှိပ်စက်ပြီး အဆိုပါ ကလေးငယ်များ၏ သူငယ်ချင်း ကျောင်းသား/သူလေးများကိုပါ ဆက်လက်၍ အဓမ္မ ဖမ်းဆီးခဲ့ရာ အမျိုးသမီးငယ် ၅ ဦးအပါအဝင် စုစုပေါင်း ကလေးငယ် ၂၀ ခန့်ပါဝင်ကြောင်း မကွေးလူထုတိုက်ပွဲ ကော်မတီက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ အဆိုပါလုပ်ရပ်များသည် ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ထပ်မံချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အသက်မပြည့်သေးသည့် ကလေးငယ်များကို အကြမ်းဖက် စစ်အုပ်စုက အမျိုးသား လိင်အင်္ဂါကို ဆေးလိပ်မီးဖြင့် ထိုး၍စစ်ဆေးခြင်း အပါအဝင် လူမဆန်သော ယုတ်မာရက်စက်သည့် စစ်ကြောနည်းမျိုးစုံဖြင့် စစ်ဆေးနေကြောင်းကိုလည်း ကြားသိရသည်ဟု မကွေးလူထုတိုက်ပွဲကော်မတီက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသည့် ကလေးငယ်များမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်လှသည့် ကလေးငယ်များ ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စု၏ လူမဆန်စွာ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် ၎င်းတို့၏ အသက်အန္တရာယ် ထိခိုက်နစ်နာမှုများ ခံရမည်ကို အလွန် စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ဆိုသည်။

အဆိုပါ ကလေးငယ်များ အပါအဝင် ဖမ်းဆီးခံထားရသော ကျောင်းသားပြည်သူများ၏ လွတ်မြောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မကွေးလူထုတိုက်ပွဲကော်မတီက ဆက်လက် အားထုတ်ကြိုးစားသွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။