ထိခိုက်သေဆုံးမှု အတည်ပြုနေဟု Special 9-HPDF ပြော
ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်)နံနက် ၇နာရီခွဲခန့်တွင် မီးလှုံနေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
“အဲဒီကင်းစခန်းမှာ စခရော၊ရခရော ခုနစ်ယောက်ကနေ ၁၀ယောက် ရှိတယ်။သူတို့ နေ့စဥ် ဘာလုပ်တယ်ဆိုတာ စောင့်ကြည့်ပြီး သေချာတိုက်ခိုက်ခဲ့တာ။ အသေအပျောက် အထိ အခိုက်ကို ကျွန်တော်တို့လည်း အတည်ပြုနေဆဲဖြစ်တယ်”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
ဖောက်ခွဲရေး Mission အတွက် တာဝန်ယူခဲ့သည့် ရဲဘော်များ ဘေးကင်းရာ ရောက်ရှိနေ ပြီဟုလည်း ၎င်းက ပြောသည်။

Public Service Announcement
လက်ရှိတွင် မြေပြင် သတင်းများအရ နီကယ် ၊မောင်းကုန်း ၊ မြတောင်ကျေးရွာ အနီးတစ်ဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးမှုများ ရှိနေသည်ဟုလည်း ဒေသခံ သတင်းရင်းမြစ်များက အသိပေးသည်။


















































