Connect with us

Hi, what are you looking for?

LuduNwayOo

News

နန်းမယ်ခုံကို စွန့်လွှတ်လိုက်ရဟု ကရင်နီပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ​ပြော

နန်းမယ်ခုံ ဒေသတစ်ဝိုက်ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၆ ရက်ကစ၍ အကြိမ်ကြိမ် စစ်ထိုးခဲ့ကာ တိုက်ခိုက်ရေး လေယာဥ်များကို နေ့စဥ်အသုံးပြုခဲ့ပြီး လက်နက်ကြီး ရာနှင့်ချီ ပစ်ခတ်ခဲ့သည်။

(အကြမ်းဖက်စစ်​ကောင်စီရမ်းကားပစ်ခတ်မှု​ကြောင့် နန်းမယ်ခုံရှိ ​နေအိမ်များပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ကယား(ကရင်နီ)ပြည်နယ်ရှိ နန်းမယ်ခုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် အင်အားသုံးတိုက်ခိုက်မှုများ​ကြောင့် စွန့်လွှတ်လိုက်ရကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ပြောသည်။

နန်းမယ်ခုံ မြို့တစ်ဝိုက်သည် စစ်ရေးအရ ဗျူဟာကျပြီး ဒီးမော့ဆိုမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင်စီ ၏ ကြိုးပမ်းခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

(အကြမ်းဖက်စစ်​ကောင်စီရမ်းကားပစ်ခတ်မှု​ကြောင့် နန်းမယ်ခုံရှိ ​နေအိမ်များပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“ကျွန်တော်တို့ အားယူဖို့ နောက်ခြေလှမ်းဆုတ်လိုက်တယ်ပဲ ပြောချင်တယ်။ပြည်သူတွေလည်း စိတ်ဓာတ်မကျပါနဲ့။ အရှိတရားကို ရင်ဆိုင်ပြီး နောင်လာမယ့် တိုက်ပွဲတွေက ပိုပြင်းထန်လာလိမ့်မယ် ဆိုတာ အသိပေးချင်တယ်”ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)မှ တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က နန်းမယ်ခုံမြို့ကို သိမ်းပိုက်နိုင်ရန် ယနေ့(ဖေဖော်ဝါရီ ၂၄) နံနက်အစောပိုင်းကစ၍ တိုက်လေယာဥ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တင့်ကားများ၊ ၁၀၅(မမ)များ အသုံးပြုခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ကရင်နီ တပ်ပေါင်းစုတွေ အားလုံးသဘောတူညီဆုံးဖြတ်ပြီးတော့ နန်းမယ်ခုံကို ယာယီစွန့်လွှတ်လိုက်တယ်”ဟု DMO PDF တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

နန်းမယ်ခုံ ဒေသတစ်ဝိုက်ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၆ ရက်ကစ၍ အကြိမ်ကြိမ် စစ်ထိုးခဲ့ကာ တိုက်ခိုက်ရေး လေယာဥ်များကို နေ့စဥ်အသုံးပြုခဲ့ပြီး လက်နက်ကြီး ရာနှင့်ချီ ပစ်ခတ်ခဲ့သည်။

(အကြမ်းဖက်စစ်​ကောင်စီရမ်းကားပစ်ခတ်မှု​ကြောင့် နန်းမယ်ခုံရှိ ​နေအိမ်များပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“အထူးသဖြင့် NUG ကို တောင်းဆိုချင်တယ်။ စစ်ခွေးတပ်နဲ့ ပတ်သက်ရင် မြေပြင်မှာယှဥ်ပစ်ရဲတယ်။တင့်ကားလည်း မကြောက်ဘူး။လက်နက်ကြီးလည်း မကြောက်ဘူး။ကျွန်တော်တို့ လေကြောင်းကနေ တိုက်ခိုက်ခံနေရတာက အားနည်းချက်ဖြစ်နေတယ်။ ဒီအတွက် တွန်းတွန်းတိုက်တိုက် နဲ့ လုပ်ပေးပါ။လေကြောင်းကို ကျွန်တော်တို့ ယှဥ်ပစ်နိုင်တဲ့ လက်နက်တွေလိုနေပြီး ကိုယ့်ကိုကိုယ်လည်း အားမရဘူးဖြစ်နေတယ်”ဟု KDFမှ တာဝန်ရှိသူက ပြောသည်။

ယခုလဝက်ကစ၍ ရှမ်း-ကရင်နီအစပ် မိုးဗြဲ၊ဖယ်ခုံနှင့် ဒီးမော့ဆိုဒေသများကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်မှာ ၉ ရက်တာ(ဖေဖော်ဝါရီ ၁၆ ရက် မှ ၂၄ ရက်ထိ) ရှိပြီဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က သေဆုံးသူ ၁၀၀ထက် မနည်းရှိခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုဘက်မှလည်း ၃၀ခန့် ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လွတ်မြောက်နေသူမှာဗိုလ်ဇာနည်မောင်ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေကြောင်းလည်း IEC က အသိပေးသည်။

သတင်း

မကြာသေးမီရက်ပိုင်းက ဆောင်ရွက်ခဲ့သော နယ်မြေရှင်းလင်းမှုအရ စစ်ကောင်စီတပ်သားအလောင်း ၁၀ဦးထက်မနည်းတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

သတင်း

လေယာဉ်တွေ ကြဲချတဲ့ ဗုံးတွေက မြေပြင်မှာ ရှိနေတဲ့ သူတို့ရဲ့ တစ်ဖွဲ့တည်းသား စစ်ကောင်စီ ကြည်းတပ်သားတွေပေါ် တည့်တည့်ကျလို့ ၁၂ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းဌာန PBSက ဆိုပါတယ်။

သတင်း

တိုက်ပွဲများအတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းပစ်ကူများ နှင့် လက်နက်ကြီးပစ်ကူများအား အလွန်အကျွံအသုံးပြု တိုက်ခိုက်လျက်ရှိသည်။