Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ် ​ကျေးရွာများသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ခုခွဲပြီး ဝင်ရောက်လုယက်နေ

မြို့မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားသည့်စစ်ကြောင်းမှာ ဝက်တိုးကျေးရွာတွင် အခြေချထားပြီး မြို့တောင်ဘက်ရှိစစ်ကြောင်းမှာ လယ်တီးကျေးရွာတွင် အခြေချတပ်စွဲထားသည်ဟု တန့်ဆည်(ပကဖ)က အသိ ပေးသည်။

People's Spring
People's Spring

▪️ပြည်သူများသတိပြုနေထိုင်ကြရန် တန့်ဆည်(ပကဖ) သတိပေး

တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ခုခွဲပြီး ကျေးရွာများသို့ ဝင်ရောက်တပ်စွဲနေပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးဆိုးလုယက်နေကြောင်း တန့်ဆည်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၅)ထုတ်ပြန်သည်။

တန့်ဆည်မြို့နယ် မြောက်ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့်လည်း ကောင်း၊ မြို့နယ်တောင်ဘက်သို့ အင်အား ၉၀ ကျော်ဖြင့်လည်းကောင်း စစ်ကြောင်းထိုးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြို့မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားသည့်စစ်ကြောင်းမှာ ဝက်တိုးကျေးရွာတွင် အခြေချထားပြီး မြို့တောင်ဘက်ရှိစစ်ကြောင်းမှာ လယ်တီးကျေးရွာတွင် အခြေချတပ်စွဲထားသည်ဟု တန့်ဆည်(ပကဖ)က အသိ ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အဆိုပါစစ်ကြောင်းနှစ်ကြောင်းမှ စစ်ကောင်စီတပ်များမှာ လှုပ်ရှားမှုတစုံတရာ မရှိသေးဘဲ ယင်းတို့အခြေစိုက်ထားရာ နေရာတွင်သာ မွှေနှောက်ရှာဖွေခြင်း၊ ခိုးယူခြင်း၊ စားနပ်ရိက္ခာများ သယ်ယူခြင်းတို့ပြုလုပ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ မိမိကျေးရွာအတွင်း ဝင်ရောက်လာသည့်အခါ လုံးဝအတွေ့မခံဘဲ သတိပြုနေထိုင်ကြရန်နှင့် စစ်တပ်လှုပ်ရှားမှုသတင်းများကို ထောက်လှမ်းစုံစမ်းထားကြရန် တန့်ဆည်(ပကဖ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။