Connect with us

Hi, what are you looking for?

News

မူးယစ်​ဆေးဝါးများကို ပို့ခယူပြီး​နေပြည်​တော်သယ်လာ​သော ဗိုလ်မှူးနှင့်ဗိုလ်ကြီးလမ်းတွင် ဖမ်းဆီးခံရ

“စံမင်းထွန်းနဲ့ ကျော်ပြည့်ဖြိုးက စိတ်ကြွဆေးပြား ဆယ်သိန်းကို ကားနဲ့သယ်လာတာ။ဖမ်းမိတဲ့နောက် ရေတွက်ရင်း ပျက်တာ ဘာညာနဲ့ ကိုးသိန်ရှစ်သောင်းပြတာ။ဒီကောင်တွေ သိန်း၅၀နဲ့ နေပြည်တော်အရောက်သယ်ပေးတာ” ဟု စစ်ကောင်စီဘက်က သတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်မှ ဗိုလ်မှုးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့က ရှမ်းပြည်နယ်ဘက်မှ မူးယစ်ကုန်သည်တစ်ဦးထံမှ စိတ်ကြွဆေးပြား၁၀သိန်းနီးပါးကိုအခ​ကြေး​ငွေယူ၍ နေပြည်တော်သို့ပို့ဆောင်ပေးရန် ကြိုးစားစဉ် လမ်းခုလတ်၌ စစ်ကောင်စီတပ်ဖွဲ့ချင်း ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်၊တပ်ကုန်းမှ ဗိုလ်မှူးစံမင်းထွန်း (ကြည်း ၄၀၄၉၃)နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုး (ကြည်း ၅၆၁၅၇)ကို ပင်လောင်း- နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင် Honda Fit ယာဥ်နံမှတ် 1K-8755 ကားဖြင့် ကား​နောက်ခန်းနှင့်အလယ်ထိုင်ခုံကြားတွင် စက္ကူဂျပ်ဖာဖြင့်သယ်​ဆောင်လာ​သောW နင့် R စာတမ်းပါ ပန်​ရောင်စီတ်ကြွ​ဆေးပြား ၁၀ သိန်း ကာလတန်ဖိုး ကျပ် ၄၉၀၀ ရှိ​သော​ဆေးပြားများကိုဖမ်းမိခြင်းဖြစ်သည်။

“စံမင်းထွန်းနဲ့ ကျော်ပြည့်ဖြိုးက စိတ်ကြွဆေးပြား ဆယ်သိန်းကို ကားနဲ့သယ်လာတာ။ဖမ်းမိတဲ့နောက် ရေတွက်ရင်း ပျက်တာ ဘာညာနဲ့ ကိုးသိန်ရှစ်သောင်းပြတာ။ဒီကောင်တွေ သိန်း၅၀နဲ့ နေပြည်တော်အရောက်သယ်ပေးတာ” ဟု စစ်ကောင်စီဘက်က သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၂၅ရက်နေ့လယ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အခင်းဖြစ်စဉ် မြေပြင်အခြေအနေကို စစ်ကောင်စီမှ အရာရှိတစ်ဦးက လူထုနွေဦးသို့ အောက်ပါအတိုင်းပြောပြသည်။

Public Service Announcement

Public Service Announcement

” ဆေးပြားတွေ ပါလာတော့ အစစ်မခံဘူး။ ပစ်မယ် ခတ်မယ် ထိုးမယ် ကြိတ်မယ်လုပ်လို့ စရဖက လူတွေ ဝိုင်းဖမ်းကြရတာ” ဟု ဆိုသည်။

စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန်​နေပြည်​တော် ၊ ​ရွှေကြာပင်ရပ်ကွက်၌​နေပြီး ကားအ​ရောင်းအဝယ်ဟန်ပြလုပ်ကိုင်​နေ​သော မူးယစ်ဆေးကုန်သည်မအိက စစ်ကောင်စီအရာရှိနှစ်ဦးအား အခကြေးငွေပေး၍ ခိုင်းစေခဲ့ခြင်းဟု စစ်ကောင်စီအရာရှိတစ်ဦးက အသိပေးသည်။

” ဆေးပြားတွေက ရန်ကုန်ကနေ ဘဂ်လားဒေ့ရ်ှကို ပို့မှာ။
နမ့်စန်ကနေ နေပြည်တော် အထိ သိန်း၅၀၊ နေပြည်တော်ကနေ ရန်ကုန်အထိ သိန်း၅၀ ပေးမယ်ဆိုပြီး ခိုင်းတာ။ စံမင်းထွန်းနဲ့ ကျော်ပြည့်ဖြိုးက နေပြည်တော်အထိပဲ တာဝန်ယူမယ်ဆိုပြီး သိန်း၅၀ နဲ့လက်ခံတာ”ဟု အဆိုပါဖြစ်စဥ်ကို သိနေသည့် အထက်ပါအရာရှိက ပြောသည်။

အထက်ပါ ဖမ်းဆီးမှုကို စစ်​ကောင်စီ၏ မူးယစ်တပ်ဖွဲ့စု(၂၆) ၊ ပင်လောင်းမှ ဒုရဲမှူး အောင်ဇော်ဟိန်း ဦးစီးအဖွဲ့၊ စခတ(၄)မှ ဗိုလ်ကြီး ထွန်းထွန်းအောင် ဦးစီးအဖွဲ့၊ ဖိုကုန်းနယ်မြေရဲစခန်းအဖွဲ့၊ သတင်းရဲတပ်ဖွဲ့(လိန်းလီ)နှင့် စရတ(ပင်လောင်း) တို့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က စစ်​ဆေးဖမ်းဆီး ခဲ့ခြင်းဖြစ်​​ကြောင်းရဲတပ်ဖွဲ့၏ ဌာနတွင်း လှို့ဝှက်ကြေးနန်းတွင် ဖော်ပြထားသည်။

တရားခံ စံမင်းထွန်း သည် အမှတ် (၁၂/၅) ၊ ပါလီကွေ့၊ ပျဉ်းမနားမြို့မှဖြစ်ပြီး ကျော်ပြည့်ဖြိုးသည် အမှတ် (၁၃၇-က)၊ မြဝတ်ရည်လမ်း၊ ရတနာမာန်အောင်ရပ်ကွက်၊ မတ္ထီလာမြို့တွင်နေသည်ဟု ရဲကြေးနန်းတွင် ဖော်ပြထားသည်။တရားခံများမှာ စစ်သားများဖြစ်၍ စစ်ဘက်ဆိုင်ရာဥပဒေဖြင့်အရေးယူနိုင်ရန် ၎င်းတို့၏ မိခင်တပ်များသို့ လွှဲပြောင်းထားကြောင်းကိုလည်း ကြေးနန်း စာ၌ဖော်ပြထားသည်။

ကြေးနန်းစာတွင် ဖော်ပြရေးသားချက်များအရ တရားခံ (၂)ဦးသည် တခြားသူများထံမှ စိတ်ကြွမူးယစ်ဆေးဝါးများအား အခကြေးငွေရယူသယ်ဆောင်ခဲ့သည်ဟု လက်သိပ်ထိုးထွက်ဆိုထားသော်လည်း ၄င်းတရားခံများဖြစ်သည့် စစ်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူများဖြစ်ပြီး မူးယစ်ဆေးဝါးများ‌ရောင်းချရန် သယ်ဆောင်ခြင်းကို အထက်အဆင့်ဆင့်၏သိရှိခွင့်ပြုချက်ဖြင့် ခရီးသွားလာခြင်းမျိုးဖြစ်‌နေသည်ကို စိစစ်တွေ့ရှိရသည်။

တာဝန်ချိန်အတွင်းဖြစ်နေသဖြင့် ရာထူးအရှိန်အဝါ(သို့) လုပ်ပိုင်ခွင့်များအားအသုံးချခဲ့သည်ကို ထင်ရှားစွာပေါ်လွင်နေကြောင်းတွေ့ရှိရပါသည်ဟု CDM ရဲတပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားသည့် Myanmar Police CDM Channel – MPCCက သတင်းထုတ်ပြန်ထားသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယုတ်မာရက်စက်သည့် ဥပဒေမဲ့လုပ်ရပ်များအား အုပ်စုဖွဲ့ ကျူးလွန်နေကြကြောင်း ထင်ရှားစွာတွေ့မြင်သိရှိခဲ့ရပါသည်” ဟု MPCCက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုအား ဖိနှိပ်တိုက်ခိုက်နေစဉ် အောက်ခြေ အရာရှိ အရာခံအဆင့်ဆင့်သည် လူထုထံမှ ခိုးဆိုးလုယက်ခြင်းအပြင် ယခုကဲ့သို့ မူးယစ်ဆေးကုန်ကူးခြင်းကိုပြုလုပ်ပြီး ငွေရှာနေ​ကြောင်း ဗိုလ်မှူးတစ်ဦးက မှတ်ချက်ပြုသည်။

“အောက်ခြေမှာ ဗိုလ်ကြီးတွေ ဗိုလ်မှူးတွေတောင် ငတ်ပြတ်နေပြီလို့ သုံးသပ်လို့ရတယ်” ဟု အထက်ပါ ဗိုလ်မှူးက ပြောသည်။

မကြာသေးမီကလည်း ဗထူးတပ်မှ စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးကို သီပေါတွင် စိတ်ကြွဆေးပြားများ သေတ္တာနှစ်လုံးအပြည့်ဖြင့် အဖမ်းခံခဲ့ရသည်။

ယခုတစ်ကြိမ် ပင်လောင်းတွင်ဖမ်းမိသည့် စစ်ကောင်စီ၏ မူးယစ်ဆေးဝါးကုန်ကူးမှုကို ရဲအုပ်ထွန်းမြတ်ဦးဆိုသူကတရားလိုပြုလုပ်တိုင်တန်းကာ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။