Connect with us

Hi, what are you looking for?

News

ကန်ပက်လက် CDF နှင့်တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်နှစ်ဦးသေ

ဖေဖော်ဝါရီ ၂၇ရက်တွင် ကန်ပက်လက်မြို့နယ် မောချောင်းရွာနှင့်မဆာတွီရွာအကြား၌ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ နှစ်ဦးသေ၊ သုံးဦးခန် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၇ရက်တွင် ကန်ပက်လက်မြို့နယ် မောချောင်းရွာနှင့်မဆာတွီရွာအကြား၌ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ နှစ်ဦးသေ၊ သုံးဦးခန် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် ကန်ပက်လက် CDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီများသည် ယနေ့ညတွင် မဆာတွီကျေးရွာ၌ ညအိပ်မည်ဟုခန့်မှန်းရကြောင်း၊ ထို့ကြောင့်မိဘပြည်သူများအနေဖြင့်ကျင်ဒွေးနှင့်လောင်းရှည်လမ်းမကြီးကိုအသုံးပြုသွားလာခြင်း မပြုလုပ်ကြရန်ကန်ပက်လက် CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဆက်လက်ဖြစ်နိုင်သေး၍ မလိုအပ်ဘဲစစ်ရေးသတင်းများကိုလူမှုသတင်းမီဒီယာများတွင် ဖြန့်ဝေခြင်းမပြုရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။