Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ်မှ မူကြိုကလေး ၈၀ ခန့်ကို စစ်ကောင်စီတပ် ဆက်လက်ထိန်းသိမ်းထား

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန တို့ကလည်း ယ​နေ့( ​ဖေ​ဖော်ဝါရီ ၂၇) ညတွင် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

●မူကြိုကလေးများ၊ဆရာဆရာမများနှင့်ကလေးမိဘများ ပြန်လွှတ်ရေးနိုင်ငံတကာကကူညီပေးရန်NUGမေတ္တာရပ်ခံ

ယင်းမာပင်နယ် ချင်းပုန်းရွာမှ မူကြိုကလေးငယ် ၈၀ ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်ကဓားစာခံအဖြစ်ဆက်လက်ထိန်းသိမ်းထားကြောင်းယင်းမာပင်နယ်ခံအချို့ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာနှင့်အနီးတဝိုက် ကို ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်ခဲ့၍ ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ကောင်စီတပ်စီးနင်းချိန်တွင် မူကြိုကျောင်းဖွင့်ချိန်ဖြစ်၍ ကလေးငယ် ၈၀ ခန့်ပိတ်မိနေပြီး စစ်ကောင်စီတပ်က ကလေးငယ်များကို ထိန်းသိမ်းထားရာ ယနေ့ အထိ ပြန်လွှတ်မပေးသေးဟု ဒေသခံအချို့ကပြောသည်။

“သူတို့ကတော့ ကလေးတွေရဲ့မိဘတွေကို ကိုယ့်နေရာကိုယ် ပြန်နေပေးကြဖို့ ကိုယ့်အိမ်ကို ပြန်နေပေးဖို့ မိုက်နဲ့ သုံးခါလောက်အော်တယ်ပြောတယ်။အဘိုးကြီးတစ်ယောက်က သူ့မြေးကို ပိုက်ဆံနဲ့ ရွေးဆိုလည်း ရွေးမယ် ဆိုပြီး သူ့ကိုယ်သူ အသက်ခံရရင်လည်း အသက်ခံရပလေ့စေဆိုပြီး အရဲစွန့်ပြီး တော့ သွားတဲ့အခါကျတော့ ခင်ဗျား ဟိုနားမှာခဏထိုင်နေအုံးဆိုပြီး ထိန်းသိမ်းထားလိုက်တာပေါ့” ဟု ယင်းမာပင်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကလေးငယ်များကို ချင်းပုန်းရွာနှင့်ကပ်လျက်ရှိသော ညောင်ကိုင်းတိုက်နယ်ဆေးရုံ၌ ထိန်းသိမ်းထားသည်ဟု သိရကြောင်း ၎င်းက ဆက်​ပြောသည်။ လက်ရှိ အခြေအနေတွင် ကလေးငယ်များ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် အသက်အန္တရာယ်လုံခြုံရေး တို့အတွက် မိဘများက များစွာ စိုးရိမ်ပူပန်နေကြသည်ဟု အထက်ပါ​ဒေသခံက​ပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန တို့ကလည်း ယ​နေ့( ​ဖေ​ဖော်ဝါရီ ၂၇) ညတွင် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များ ကျေးရွာများအတွင်းသို့ စီးနင်းခဲ့ချိန်သည် ချင်းပုံးရွာရှိ မူကြိုကျောင်းတွင် အသက်ငါးနှစ်အောက် ကလေးငယ် ၈၀ ဦးနှင့် ကွန်ပြူတာ သုံးစွဲမှု သင်ကြားနေသူ အသက် ၁၂ နှစ်အောက် ကလေးငယ်များ ပညာသင်ကြားနေချိန်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်ဝင်ရောက်လာသည့်အတွက် ဆရာ၊ ဆရာမများက ကလေးငယ်များကို နီးစပ်ရာ ဘုန်းကြီးကျောင်းဝင်းရှိ မြေအောက်ခန်းတွင်းသို့ ရွှေ့ပြောင်းခဲ့ကြပါသည်။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များက ညနေပိုင်းတွင် ထိုကလေးငယ်များကို မြေအောက်ခန်းမှ ထုတ်၍ ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခံရမှုတွင် ပါဝင်သည့် ကလေးငယ်များကို မူကြိုကျောင်းမှ သွားရောက်ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် မိဘတချို့ကိုလည်း အကြမ်းဖက်တပ်များက ထပ်မံဖမ်းဆီးခဲ့ပါသည်။ ရွာသားများ ပြန်မလာပါက ရွာကို မီးရှို့ပစ်မည်ဖြစ်ကြောင်း လော်စပီကာမှတဆင့် ကြေညာနေသည်ဟု သိရှိရသည်ဟု NUG ၏ဝန်ကြီးဌာန နှစ်ခုက ပူးတွဲထုတ်ပြန်ထားသည်။

ယခု ဖမ်းဆီးမှုသည် ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းသာ ဖြစ်သည်ဟု ယူဆကြောင်း၊ ဖမ်းဆီးခံထားရသော ကလေးများ၊ ဆရာဆရာမများနှင့် မိဘများ အပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်မည်ကို အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ကလေးသူငယ်များ ဆရာဆရာမများနှင့် မိဘများကို ထပ်မံ၍ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု မပြုဘဲ ချက်ချင်းလွှတ်ပေးရန် ၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ကလေးသူငယ်များ လွတ်မြောက်ရေး ၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေး၊ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကုစားရေးအတွက် ပံ့ပိုးကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။